ယာဉ်တိုက်မှုခြောက်ခု တစ်ပြိုင်တည်း ကျူးလွန်သူအားအရေးယူ


မကွေးမြို့ အောင်မေတ္တာရပ် အောင်မေတ္တာအဝိုင်းလမ်းမကြီးမှ မောင်းနှင်လာသော ယာဉ်မောင်း ဝင်းတင် (ယာဉ်မောင်းလိုင်စင်မရှိသူ) မောင်းနှင်လာသည့် Toyata landcruiser KZI ယာဉ်သည် အောင်မေတ္တာ(၇) လမ်းထိပ် အရောက်တွင် မျက်နှာချင်းဆိုင်မှ သိန်းလွင်နှင့် မယဉ်မြတ်မွန်တို့ မောင်းနှင်လာသည့် ဆိုင်ကယ်အား ဝင်တိုက်မိပြီး မောင်းနှင်ထွက်ပြေးရာ ကိုက် (၁ဝဝ)ခန့်အကွာတွင် ကျော်မင်း မောင်းနှင်လာသည့် ဆိုင်ကယ်အား ထပ်မံတိုက်မိပြီး ကိုက်(၅ဝ) ခန့် အကွာတွင် ငြိမ်းဇော်သူနှင့် မခိုင်သူ ဇာတို့ စီးနင်းလာသည့် ဆိုင်ကယ်အား ထပ်မံတိုက်မိခဲ့သည်။

ဆက်လက်ပြီး မောင်းနှင်ထွက်ပြေးရာ ကိုက်(၂ဝ)အရောက်တွင် ယာဉ် မောင်း မနှင်းနုဝါ မောင်းနှင်လာသည့် ဆိုင်ကယ်အားဝင်တိုက်မိပြီး ဆက်လက်မောင်းနှင်ခဲ့ရာ ကင်းဘုန်း ကြီးကျောင်းရှေ့အရောက်တွင် ထက်ဆန်းလင်း ကင်းကျောက်ကုန်းရပ်နေသူအား ဝင်ရောက်တိုက်မိခဲ့ပြီး ကင်းဘုရား အုတ်တံတိုင်းအား ဝင်ရောက်တိုက်မိ ရပ်တန့်သွားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုများတွင် တိုက်မိခဲ့သူများအနက် မနှင်းနုဝါတွင် နဖူးပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး မကွေးတိုင်းဆေးရုံကြီးတွင်သေဆုံးသွားခဲ့ သဖြင့် ဝင်းတင်အား မကွေးမြို့နယ် ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ညီညီမောင်(မကွေး) / The Mirror Daily
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.