Air freshener နဲ့ အမွှေးတိုင်တွေက ကင်ဆာနဲ့ ပန်းနာရင်ကျပ်ရောဂါတွေကို ဖြစ်စေနိုင်


အမွှေးတိုင်၊ အမွှေးဖယောင်းတိုင်၊ အမွှေးခဲဆီနဲ့ လေသန့် ဆေး Air freshener တို့ ဟာ ကျွန်တော်တို့ အိမ်တွင်းလေထုကို သန့် ရှင်းမွှေးကြိုင်သွားအောင် မြန်ဆန်လွယ်ကူစွာ စွမ်းဆောင်ပေးနိုင် ပါတယ်။ဒါပေမယ့် ဒီပစ္စည်းတွေမှာ စက်ရုံထုတ် ဓာတုပစ္စည်းတွေပါဝင်ပြီး ကျွန်တော်တို့ ရဲ့ DNA ဖွဲ့ စည်းပုံကို ပြောင်းလဲစေကာ ကင်ဆာနဲ့ ပန်းနာရောဂါတို့ ရစေနိုင်ကြောင်း သိရှိရပါတယ်။

၁။ အမွှေးနံ့ သာမီးခိုးတွေဟာ သင့်ရဲ့ မျက်လုံးထဲကို ၀င်နိုင်ရုံသာမက DNA အထိ ရောက်ရှိနိုင်တယ်

လူသားသန်းပေါင်းများစွာဟာ နေ့ စဉ်နေ့ တိုင်း ဘာသာရေးဓလေ့ထုံးတမ်းတစ်ခုအနေနဲ့ အမွှေးတိုင်၊ အမွှေးဖယောင်းတိုင် စတာတွေကို အိမ်မှာ ထွန်းညှိပူဖော်ကြပါတယ်။ ဒီပစ္စည်းတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေ (ဥပမာ- frankincense မြန်မာလို လော်ဗန်လို့ သိကြတဲ့ ဓာတုပစ္စည်း) ဟာ ဦးနှောက် တွင်းမှာ ဓာတုပြောင်းလဲမှုတွေဖြစ်စေပြီး စိတ်ကို တက်ကြွပြောင်းလဲစေပါတယ်။ ဒါပေမယ့် အဆိုပါ အခိုးအငွေ့ ဟာ ဆေးလိပ်မီးခိုးထက်တောင် ပိုမိုအန္တရာယ်ရှိပြီး ကင်ဆာဖြစ်နိုင်တဲ့ကလာပ်စည်းပြောင်းလဲ မှုတွေ ဖြစ်စေနိုင်ပါတယ်။ အမွှေးနံ့ သာတိုင်တွေကို မီးရှို့ ခြင်းက အလွန်သေးငယ်တဲ့အမှုန့် လေးတွေကို ထွက်ရှိစေပြီး အဆိုပါအမှုန့် တွေဟာ အဆုတ်ထဲမှာ ပိတ်ဆို့ ကာ အဆုတ်ယောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။

၂။ အိမ်တွင်းလေထုမွှေးအောင် လုပ်ခြင်းရဲ့ အန္တရာယ်

ဓာတုစပရေးတွေ၊ အမွှေးဆီခဲတွေ နဲ့ လေသန့် စင်ဆေးတွေက အခုရေပန်းစားနေပေမယ့် ကျန်းမာရေးစစ် ဆေးသူတွေက အဆိုပါရနံ့ ပစ္စည်းတွေမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့အရာဝတ္ထုတွေပါရှိပြီး အဆုတ်ပျက်စီးမှု၊ အကျိတ်ဖြစ်ပေါ်ခြင်းနဲ့ ဟော်မုန်းပျက်ယွင်းမှုတွေဖြစ်စေနိုင်ကာ ပန်းနာရင်ကြပ်ရောဂါလိုမျိုး သေရာပါရောဂါတွေစွဲကပ်နိုင်ပါတယ်။ Air freshener တွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေကတင် အန္တရာယ်ဖြစ်စေတာမဟုတ်ဘဲ တခြားအခြေခံ ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ရေနံကထုတ်ယူထားတဲ့ ပစ္စည်းများ၊ p-dichlorobenzene ရေနံနဲ့ ကတ္တရာကရတဲ့ ဗင်ဇင်းဓာတ်တွေနဲ့ VOC ခေါ် အငွေ့ ပြန်လွယ်တဲ့အော်ဂဲနစ်ဒြပ်ပေါင်းတွေကလည်း အဆုတ်ကို ထိခိုက်စေပါတယ်။ ဒီ့အပြင် naphthalene (နက်ဖ်တလင်း) အော်ဂဲနစ်ဒြပ်ပေါင်းက တစ်သျူးတွေကို ပျက်စီးစေပြီး ဓာတ်ခွဲခန်းအတွင်းက ကြွက်တွေမှာ အဆုတ်ကင်ဆာဖြစ်ပေါ်စေတာကို တွေ့ ရှိခဲ့ရပါတယ်။

၃။ အမွှေးဖယောင်းတိုင်တွေကလည်း ရိုမန်တစ်မဆန်ပါ

ဒီဖယောင်းတိုင်တွေမှာလည်း VOC ဒြပ်ပေါင်းတွေ ပါ၀၀်ပြီး အရောင်မဲ့ ဖော်မယ်ဒီဟိုက် (formaldehyde) ဓာတ်ငွေ့ ကလည်း ကြာရှည်ထိတွေ့ ရင် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ ကို မြင့်တက်စေပါတယ်။ လေ့လာမှုတွေအရ ဒီဓာတုပစ္စည်းတွေဟာ ဖယောင်းတိုင်ကို ထိတွေ့ မိရုံနဲ့ တင် ခန္ဓာကိုယ်ထဲရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဖယောင်းတိုင် အများစုဟာ ရေနံဆီနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ဖယောင်းတိုင်လောင်ကျွမ်းတဲ့အခါ ထွက်တဲ့ ကျပ်ခိုးအမှုန့် တွေက ကာဆီနိုဂျင်လို့ ခေါ်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။

Trend Myanmar
Previous
Next Post »
Powered by Blogger.