"သြဂုတ် ၂ ရက်နံနက်ပိုင်းဟားခါးမြို့အခြေအနေ"




သြဂုတ် ၂ရက် တနင်္ဂနွေနေ့နံနက်ပိုင်းတွင်တော့ ဟားခါးမြို့ ရာသီဥတု သာယာမှုရှိပြီးမြေပြိုကျမှုများ တည်ငြိမ်သွားပြီဟုသတင်းရရှိသည်။

" ဒီနေ့တော့ ရာသီဥတု သာယာတယ်။မြေပြိုကျတာလည်း မဖြစ်တော့ဘူး၊လက်ရှိကတော့ ဒုက္ခသည်တွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းကိုစတင်ဖို့လုပ်ဆောင်နေပြီ" ဟု ဟားခါးဒေသခံ ကိုထန့် ကပြောသည်။

ဟားခါးမြို့ ၌ မြေပြိုကျမှုကြောင့် ပျက်စီးသွားသည့် အိမ်ခြေ ၄၀၁ အိမ်ရှိပြီးပြောင်းရွှေ့ထားရသည့်အိမ်ထောင်စု ၁၁၀၀ ရှိသည်။

ယာယီနေရာချထားသည့် ဒုက္ခသည် စခန်းတွင် လူဦးရေ ၃၀၀၀ ကျော်ရှိပြီး မိသားစုနီးစပ်ရာများတွင်ပြောင်းရွှေ့နေထိုင်နေသည့် ဒုက္ခများအားလုံးအပါအဝင်ဒုက္ခသည်ပေါင်း ၁၀၀၀၀ ကျော်ရှိနိုင်ကြောင်း ဒေသခံများကပြောသည်။

ချင်းပြည်နယ်ဟားခါးမြို့သည် ပြည်မ လမ်းကြောင်းအပါအဝင်အခြားမြီု့နယ်များသို့ဆက်သွယ်ထားသည့်လမ်းများမြေပြိုပိတ်ဆို့ပြီး တံတားများ ပျက်စီးနေသဖြင့် အဆက်အသွယ်ပြတ်တောက်နေသည်။
မြို့ခံများ အစားအသောက်အတွက် အခက်အခဲဖြစ်နေပြီဟု ဒေသခံများကပြောသည်။

‪#‎SupportMyanmar‬
7Day Daily | ဓာတ်ပုံ - Bil Lian
Previous
Next Post »
Powered by Blogger.