ချင်းတွင်း မြစ်ရေသည် မုံရွာခရိုင် ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာများ ၀င်ရောက်လာသည့်အတွက် စုန်းကျင်း ကျေးရွာအုပ်စုမှ စုန်းကျင်း (တ၊လ၊မ)၊ မြရွှေစည်နှင့် ဘိန်းနွယ်ချောင် စသည့်ကျေးရွာ ၅ ရွာ၊ ကျောက်မှော် ကျေးရွာအုပ်စုမှ ကျောက်မှော်၊ နုံးရွာ၊ နှောပင်နှင့် ကျွန်းပေါ် စသည့်ကျေးရွာ ၄ ရွာ၊ ကန်ချောင်အုပ်စုမှ အောင်မိုး၊ လက်ခုပ်ပင် ရွာဟောင်းနှင့် လက်ခုပ်ပင်ရွာသစ် စသည့်ကျေးရွာ ၃ ရွာ၊ စုန်းချောင်းကျေးရွာအုပ်စုမှ စည်သူနှင့်သံဘို စသည့်ကျေးရွာ ၂ ရွာ စုစုပေါင်းကျေးရွာ ၁၄ ရွာထဲမှ အိမ်ထောင်စု ၆၆၆ စုရှိသည့်အနက်မှ စုန်းကျင်းကျေးရွာမှ အိမ်ထောင်စု ၄ စုအား ရေလွတ်ရာ ဘုန်းတော်ကြီးကျောင်းနှင့် စုန်းကျင်း (အလက-ခွဲ) ကျောင်းတို့တွင် ပြောင်းရွေ့ပြီး ကျေးရွာ ၁၄ရွာ အတွက် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည်။
ဧရာဝတီ
Sign up here with your email
ConversionConversion EmoticonEmoticon