တခေတ်ဆန်းစေမည့် Windows 10 လာပြီ


ကမ္ဘာ့အကြီးဆုံး ဆော့ဖ်ဝဲ (Software) ကုမ္ပဏီကြီးတခုဖြစ်တဲ့ မိုက်ခရိုဆော့ဖ် (Microsoft) ကုမ္ပဏီက နောက်ဆုံးထုတ်လိုက်တဲ့ Operating System Windows 10 ကို ဒီကနေ့ အခမဲ့ စတင်ဖြန့်ချိလိုက်ပါတယ်။

မိုက်ခရိုဆော့ဖ် ကုမ္ပဏီကြီးရဲ့ လက်ရှိစီအီးအို နာဒဲလာ (Nadella) က ကိုယ်ပိုင်သုံး ကွန်ပျူတာလောကကို အသစ်ထုတ်တဲ့ Windows 10 က တခေတ်ဆန်းစေမယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိသုံးစွဲနေတဲ့ Windows တွေအားလုံး Windows 10 ကို အခမဲ့ upgrade လုပ်နိုင်ပြီး ဇူလိုင် ၂၉ ရက်နေ့ နောက်ပိုင်းဝယ်ယူတဲ့ ကွန်ပျူတာအသစ်တွေထဲမှာလည်း Windows 10 ကို အခမဲ့ထည့်ထားပေးမှာဖြစ်ပါတယ်။

နည်းပညာကျွမ်းကျင်သူတွေကတော့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီကြီးဟာ Operating System ကို အဓိကရောင်းချပြီး အဲ့ဒီကနေ အဓိက၀င်ငွေရတဲ့ ဆော့ဖ်ဝဲ ကုမ္ပဏီကြီးကနေ ပြောင်းလဲလာတဲ့သဘောလို့ သုံးသပ်ကြပါတယ်။

Windows 10 ဟာ ထုတ်လုပ်လိုက်တဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီအတွက်ရော၊ ကမ္ဘာ့နည်းပညာလောကအတွက်ပါ ကြီးမားတဲ့ သမိုင်းမှတ်တိုင်တခုလို့လည်း စီအီးအို နာဒဲလာက ပြောဆိုပါတယ်။

ဒီ Windows 10 ဟာ Windows အဖြစ် တစုံလုံးထုတ်တဲ့ နောက်ဆုံး Operating System ဖြစ်လာပါတယ်။

နောက်ပိုင်းမှာ Windows 8, 9, 10 စသဖြင့် တစုံလုံး ထုတ်လုပ်တော့မှာမဟုတ်ဘဲ ဒီ Windows ကိုပဲ အခမဲ့ update လုပ်သွားတဲ့ ပုံစံနဲ့ပဲ သွားတော့မယ်လို့လည်း မိုက်ခရိုဆော့ဖ် ကုမ္ပဏီက ပြောပါတယ်။

ကနဦးသုံးစွဲသူတွေရဲ့ တုံ့ပြန်မှုကတော့ Windows 10 ကို ကောင်းမွန်တယ်လို့ အမှတ်ပေးကြပါတယ်။

DVB
Previous
Next Post »
Powered by Blogger.