သြဂုတ်လ (၁) ရက် နံနက် ၉ နာရီခွဲမှစတင်ကာ http://goo.gl/SH1x7x တွင် လျှောက်လွှာများကို Download ရယူ၍လျှောက် ထားနိုင်မည်ဖြစ်သည်။ သင်တန်းတက်ရောက်လိုသူများသည် အနိမ့်ဆုံး အခြေခံပညာ အထက်တန်းအောင်မြင်ပြီး CHAT Communication in English Course ၀င်ခွင့်စာမေးပွဲကိုအောင်မြင်သူများ ဖြစ်ရမည်ဖြစ်သည်။
လျှောက်လွှာများကို လာမည့် သြဂုတ်လ (၁) ရက်နေ့ မနက် ၉း၃၀ မှစ၍ Request Form ကို Download ပြုလုပ်ရမည်။ Downloaded File ကို ဖုန်း သို့မဟုတ် ကွန်ပြူတာ၌ရိသည့် Office Application တစ်ခုခုနှင့်ဖွင့်ပြီး အချက်အလက်များကို သေချာစွာဖြည့်ပေးရမည်ဟု SEAMEO CHAT ၏ Facebook စာမျက်နှာ၌ ဖော်ပြထားသည်။ ပြည့်စုံစွာဖြည့်စွက်ထားသည့် Form ကို ၎င်း၌ ဖော်ပြထားသည့် Email လိပ်စာသို့ ချက်ခြင်း ပြန်ပို့ပေးရမည်။
Download ပြုလုပ်ရာတွင် အရေအတွက်အကန့်အသတ်ဖြင့်ပေးမည်ဖြစ်ပြီး ဝင်ခွင့်ရရှိသူများအား email မှတစ်ဆင့်အကြောင်းပြန်ပေးမည် ဖြစ်သည်။ Email လိပ်စာတစ်ခုကို Form တစ်ခုသာ လက်ခံမည်ဖြစ်ပြီး Screenshot ရိုက်ပြီး ဖြည့်ထားသော Form များ ၊ File Type ပြောင်းပြီး Save လုပ်ထားသော Form များ ၊ ပုံစံတူ (အတု) ပြုလုပ်ပြီး ပေးပို့လိုက်သော Form များ နှင့်အခြားသော မသမာမှုပြုလုပ်ထားသော Form များကို လက်ခံပေးမည်မဟုတ်ကြောင်းသိရသည်။
အသေးစိတ်အားထပ်မံသိရှိပါက https://www.facebook.com/seameochat?fref=ts တွင်ဝင်ရောက်ကြည့်ရှုမေးမြန်းနိုင်မည်ဖြစ်သည်။
Internet Journal
Sign up here with your email
ConversionConversion EmoticonEmoticon