ကမ္ဘာနှင့် ရွယ်တူနီးပါးရှိ တခြားစကြဝဠာမှ ဂြိုဟ်တစ်လုံးကို နက္ခတ္တဗေဒ ပညာရှင်တို့တွေ့ရှိ






ကျွန်ုပ်တို့၏ ဤမြေကမ္ဘာနှင့် ရွယ်တူနီးပါးရှိပြီး အမြွှာဟုဆိုရ လောက်နီးပါး အရွယ်ပမာဏရှိသော ဂြိုဟ်တစ်လုံးကို နက္ခတ္တဗေဒပညာ ရှင်တို့က တွေ့ရှိခဲ့သည်ဟုဆိုသည်။

နက္ခတ္တဗေဒပညာရှင်များက ထိုဂြိုဟ်ကိုနစူနမ-၄၅၂ ဘ ဟုအ မည်ပေးထားသည်။ ထိုဂြိုဟ်သည် အခြားကြယ်တစ်လုံး (နေတစ်စင်း) ၏ ပတ်လမ်းဇုန်တွင် တွေ့ရသမျှ ဂြိုဟ်များအနက် အငယ်ဆုံးဂြိုဟ် ဖြစ်သည်ဟု သိရသည်။

ထိုဂြိုဟ်သည် ¤င်းနှင့်သက် ဆိုင်ရာကြယ် (နေ)ကို ပတ်နေသည်။ ယင်း၏ပတ်လမ်းနှင့် ယင်းပတ်နေ ရာကြယ်(နေ)တို့အကြား အကွာအ ဝေးသည် ကျွန်ုပ်တို့၏ ကမ္ဘာပတ် လမ်းနှင့် ကျွန်ုပ်တို့၏နေအကြား အကွာအဝေးနှင့် တူညီသလောက် ရှိသကဲ့သို့ ထိုဂြိုဟ်၏ကြယ်(နေ)နှင့် ကျွန်ုပ်တို့ကမ္ဘာ၏ နေတို့၏ပမာဏ မှာလည်း တူညီသလောက်နီးပါးရှိ သည်ဟု နက္ခတ္တဗေဒပညာရှင်တို့က ဆိုသည်။

ထိုဂြိုဟ်သည် ကျွန်ုပ်တို့၏ကမ္ဘာမှ အလင်းနှစ် ၁၄ဝဝ ကွာဝေး ကြောင်း ပညာရှင်တို့ကဆိုသည်။
ထိုဂြိုဟ်တွင် သက်ရှိ ရှိ၊ မရှိ ဆိုသည်ကိုမူ လောလောဆယ်မသိ နိုင်သေးဘဲ သိပ္ပံပညာရှင်တို့က ဆက်လက်လေ့လာမှုများပြုလုပ် သွားမည်ဖြစ်ကြောင်း၊ တိကျသေ ချာစွာသိရှိပါက ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

Yangon Media Group
Previous
Next Post »
Powered by Blogger.