လန်ဒန်ရဲ့ အဆင်းရဲဆုံးရပ်ကွက် ဟာ မြောက်အိုင်ယာနိုင်ငံနဲ့ Wales နိုင်ငံရဲ့ အချမ်းသာဆုံးဒေသတွေထက် ပိုမိုချမ်းသာကြွယ်ဝ


Office for National Statistics ရဲ့ နောက်ဆုံး အချက်အလက်တွေအရ လန်ဒန်မြို့ရဲ့ အဆင်းရဲဆုံးဒေသဟာ မြောက်အိုင်ယာလနိုင်ငံန်နဲ့ Wales တို့ရဲ့ အချမ်းသာဆုံးဒေသတွေထက် ပိုကြွယ်ဝ ချမ်းသာ ကြတယ်လို့ ဆိုပါတယ်။

Barking, Dagenham နဲ့ Havering ဒေသတွေမှာ လူတစ်ဦး တစ်ယောက်ဝင်ငွေ ပျှမ်းမျှ £16801 ပမာဏရှိပြီး ဒါဟာ လန်ဒန်မြို့ရှိ အချမ်းသာဆုံး ရပ်ကွက်ထက် နှစ်ဆခွဲထက် ပိုမိုလျော့နည်းပါတယ်။

Wales အနေနဲ့ Powys မြို့ဒေသခံတွေမှာ စားပြီးသောက်ပြီးနောက် သုံးစွဲနိုင်တဲ့ အမြင့်ဆုံးဝင်ငွေပမာဏ £16,667 ရရှိကြပါတယ်။

Outer Belfast မှာ အမြင့်ဆုံးဝင်ငွေ £15,208 ပမာဏရှိ နေတာကြောင့် မြောက်အိုင်ယာလန်နိုင်ငံမှာလည်း ဒီအတိုင်း ဆက်လက်ဖြစ်နေမယ့် ကိန်းရှိပါတယ်။

အချမ်းကြွယ်ဝဆုံးဒေသဖြစ်တဲ့ Westminster အိမ်ထောင်စုတွေမှာ £ 43,577 သုံးစွဲနိုင်တဲ့ ဝင်ငွေပမာဏ ရရှိကြတယ်လို့ ယင်းအချက်လက်အရ သိရပါတယ်။

Trend Myanmar
Previous
Next Post »
Powered by Blogger.