အရက်လေး သောက်ပြီး သွားတဲ့အချိန် ဒါမှမဟုတ် သောက်နေရင်း စားတတ်တဲ့ သင့်ရဲ့အကြိုက်ဆုံး အစားအစာတွေက သင့်ရဲ့စိတ်နေသဘောထားကို ဖော်ပြပေးနေပါတယ်။ ကဲ ဘယ်လိုအစားအသောက်တွေကို အရက်နဲ့ မြည်းလေ့ရှိပါသလဲ။
၁။ ပီဇာပီဇာနဲ့ မြည်းရတာ ကြိုက်သူတွေဟာ ဘ၀ကို ရောင့်ရဲ တင်းတိမ်နေတတ်ပါတယ်။ ရှုပ်ရှုပ်ယှက်ယှက် အရာတွေ စိတ်မ၀င်စားဘူး။ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတယ်။
၂။ ချိစ်ဘာဂါချိစ်ဘာဂါနဲ့ သောက်ရတာ ကြိုက်တဲ့လူတွေကတော့ အစားကြီးတတ်တယ်။ သူကတော့ ပီဇာကြိုက်သူတွေနဲ့ ဆန့် ကျင်ဘက် ၊ အနီးဆုံး ဘာဂါဆိုင်ကို ဖင်တရွတ်တိုက် ဆွဲသွားမယ်။ လုပ်ပါတော့၊ဆာလှပြီ လို့ ခေါ်နေမယ့် လူမျိုးပေါ့။
၃။ စွပ်ပြုတ်အိမ်မှာ ညသန်းခေါင် တစ်ယောက်တည်း အရက်လေးဘာလေး ပါးပါးကစ်နေတတ်တဲ့ လူမျိုး။ စွပ်ပြုတ်ကြိုက်တဲ့ အတွဲတွေဟာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အထီးကျန်နေတာကို ပိုသဘောကျ တတ်ကြပါတယ်။
၎။ Nachos ( ဒိန်ခဲပါသော မုန့် ပြားဝိုင်း)သူတို့ ကတော့ စိတ်မရှည်တတ်ကြပါဘူး။ ငွေကြေး၊ ဂုဏ်သိက္ခာတွေကို ဂရုမစိုက်ဘူး။ သူတို့ ရဲ့ အားသာချက်ကတော့ ဘာကိုမှ ဂရုမစိုက် တတ်တာပဲ။
၅။ မနက်စာအစားအစာအတိတ်ကို တသသဖြစ်နေတတ်တဲ့ လူမျိုး၊ အိမ်မှာ ကပ်တတ်တဲ့ လူမျိုးဖြစ်တဲ့အတွက် မိဘတွေနဲ့ ရင်းရင်းနှီးနှီး ရှိတတ်တယ်။ သူတို့ အတွက်တည်း သူငယ်ချင်းတွေကလည်း အကောင်းဆုံး အဖော်ဖြစ်နေတတ်တယ်။
၆။ ခေါက်ဆွဲနဲ့ ဒိန်ခဲ ၊ ချိစ်မီးကင်နဲ့ ချိစ်ဒီလိုအစားအစာမျိုးကြိုက်တဲ့ လူကတော့ ရဲရဲတင်းတင်း ရှိတတ်တဲ့လူမျိုးပါ။ အရာရာကို ဦးဆောင်တတ်သူပေါ့။
၇။ အာလူးချောင်းကြော်အထက်မှာ ဖော်ပြဖူးတဲ့ Nachos ကြိုက်တဲ့ လူတွေနဲ့ သူတို့ က ဘော်ဒါတွေ ဖြစ်တတ်တယ်။ လက်တွေ့ ကျကျ လုပ်တတ်တဲ့လူမျိုး။ တစ်ခုခုဆို ၀င်ကိုင်လုပ်လိုက်ရမှ ကျေနပ်တတ်တဲ့ လူစား။
၉။ Mozzarella ချိစ်ချောင်းတိတိကျကျသမား။ ကိုယ် ဘာလိုချင်လဲဆိုတာ သိပြီး ရအောင် ဘယ်လိုယူရမလဲသိတဲ့ လူမျိုးပေါ့။ အကောင်းဆုံး mozzarella ချိစ်ချောင်းလေးတွေ ရဖို့ အဆင့်ဆင့် လက်ဝင်သလို ဒီလိုလူမျိုး စိတ်ကျေနပ်ဖို့ လည်း တော်တော် အားထုတ်ရလိမ့်မယ်။
၁၀။ ဘာမှ မစားတဲ့လူအစားထက် အအိပ်မက်တဲ့ လူမျိုးပေါ့။ သောက်ပြီး အိပ်နေရရင်ကို ပြီးပြည့်စုံနေတာ။ သိပ်မကြာခင်မှာ ချိစ်ဘာဂါကြိုက်တဲ့ တစ်ယောက်ယောက်က သင့်ကမ္ဘာကြီးကို ဇောက်ထိုး မိုးမျှော်ဖြစ်စေမယ်ဆိုရင် သိပ်မအံ့သြပါနဲ့ ။ ဒါက ကောင်းတဲ့ အချက်ပါ။
၁၁။ ဘာမဆို ဆွဲတဲ့လူအရက်လေးကစ်ပြီးရင် အသေဆွဲတဲ့လူမျိုး ။ အစားမက်တာပေါ့။ စိတ်က ဒွိဟ၊ တစ်ခုခုကို စိတ်ရောက်နေရင်လည်း မပြီးတော့ဘူး။ တကယ်လို့ သင့်လိုပဲ အကုန်ကြိုက်တဲ့ လူနဲ့ ချစ်ကြိုက်တော့ မယ်ဆိုရင် နောက်တစ်ကြိမ်ပြန်စဉ်းစား။ ဒါမှမဟုတ် မကြိုက်နဲ့ ။
Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon