အမေရိကန် United Airline နဲ့ အချိုရည်ဗူးပြသနာ




အမေရိကန် united Airline က လေယာဉ်ပေါ်မှာ မဖွင့်ရသေးတဲ့ သတ္တုအချိုရည်ဘူး ကို သယ်ဆောင်လာတဲ့  အမေရိကန်နိုင်ငံသူ မူဆလင် ဘာသာဝင်အမျိုးသမီးအား လေယာဉ်တွင်း ယူဆောင်ခွင့်မပြုခဲ့လို့  အမေရိကန်နွယ်ဘွား မူဆလင်ဘာသာဝင်တွေ အသိုင်းဝန်းကြားမှာ မကြေမနပ် ဖြစ်နေကြတယ်လို့  ဒေလီးအွန်လိုင်း သတင်းမှာ ဖေါ်ပြထားပါတယ်။

အဆိုပါအမျိုးသမီးက သူမကိုယ်ပိုင်ဖေ့ဘွတ် စာမျက်နှာမှာ မှာ အမေရိကန်နိုင်ငံမှာ ဘာသာရေး ခွဲခြားခံရတယ် -မူဆလင်ဘာသာဝင်တွေကို နိမ်ချနေတယ် စသဖြင့် ရေးသားခဲ့လို့  အမေရိကန် လေကြောင်း လိုင်းက တရားဝင်၇ှင်းလင်းခဲ့ရတဲ့အခြေအနေရောက်ခဲ့ပါတယ်။

အမြင့်ပျံသန်းနေတဲ့ လေယာဉ်တစီး အတွင်း သတ္တုအချိုရည်ဘူးကို အပေါ်အောက် လှုပ်ရမ်းပြီး တော့ ဖွင့်လိုက်တဲ့အခါမှာ တွန်းကန်အားများပြီး ပေါက်ကွဲစေနိုင်တာကို စမ်းသတ်တွေ့ ရှိထား တာကြောင့် လေယာဉ်ပေါ်ကို ဘူးမဖွင့်ဘဲ ယူခွင်မပြုတာပါလို့  လေဆိပ်တာဝန်၇ှိ သူတွေက ပြောခဲ့ပါတယ်။

Rachanok Min Burma
Previous
Next Post »
Powered by Blogger.