လှေစီးဒုက္ခသည် ဘင်္ဂလီ ၇၂၇ ယောက်ပါ သင်္ဘောတစီးကို မြန်မာရေတပ်က ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်္ဘောကို လွန်ခဲ့သော ၄ ရက်က ကပ္ဗလီပင်လယ်အတွင်း တွေ့ရှိ ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး က ပြောသည်။
ကပ္ဗလီပင်လယ်တွင် မျောနေသော ငါးဖမ်းသင်္ဘောသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်လိုသူများသာဖြစ်ကြောင်း သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ပြောသည်။
“မြန်မာရေတပ်က သူတို့ကို ဘင်္ဂလားဒေ့ရှ်ဘက်ကို လိုက်ပို့ပေးမှာပါ။ သူတို့အတွက် အစာရေသာနဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေ ထည့်ပေးလိုက်မှာပါ။”ဟု ဦးရဲထွဋ်က Reuters သို့ ဖုန်းဖြင့်ဖြေကြားသည်။
“ဒါဟာ သူတို့ရဲ့ဆန္ဒအပေါ်လိုက်ပြီး ဆောင်ရွက်ပေးတာပါ။ သူတို့နဲ့ပူးပေါင်းပြီး ဘင်္ဂလားဒေ့ရှ်ကို ပို့ပေးမှာပါ။”
၎င်းရွှေ့ပြောင်းနေထိုင်လိုသူများသည် မည်သည့်နိုင်ငံမှဖြစ်ကြောင်းကိုမူ ဦးရဲထွဋ်က မဖြေကြားခဲ့ချေ။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Sign up here with your email
ConversionConversion EmoticonEmoticon