မလေးရှားငလျင် တောင်တက်သမားများပိတ်မိနေ


မလေးရှားနိုင်ငံ ဆာဘားပြည်နယ် ဘော်နီယိုကျွန်းမှာ ဇွန် ၅ ရက်နေ့မနက် ၇ နာရီကျော်လောက်က ပြင်းအား ရစ်ခ်ျတာစကေး ၆ဒသမ ၀ လောက်၇ှိတဲ့ အင်အားပြင်းမြေလျင်တခုလှုပ်ခတ်သွားပါတယ်။

ငလျင်ကြောင့် အရေ့တောင်အာရှက အမြင့်ဆုံးတောင်တခုဖြစ်တဲ့ ကီနာဘာလူ တောင်ပေါ်မှာ ပိတ်မိနေတဲ့ ရာနဲ့ချီတဲ့ တောင်တက်သမားတွေကို ကယ်ဆယ်ရေးလုပ်ငန်း တွေဆောင်ရွက်နေရတယ်လို့ မလေးရှား ခရီးသွားဝန်ကြီးကပြောပါတယ်။

ငလျင်ကြောင့် အဲဒီဒေသရှိ လမ်းတွေနဲ့ အဆောက်အဦတချိုပလည်း ကွဲအက်သွားပြီး တောင်တက်သမား တချို့ဒဏ်ရာရသွားတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

အနည်းဆုံး တောင်တက်သမား ၄ ဦး အရိုးကျိုးပြီး ခေါင်းမှာထိခိုက်ဒဏ်ရာရသွားတယ် လို့ မလေးရှား သည်နယူးစထရိတ်တိုင်းမ်သတင်းမှာဖော်ပြပါတယ်။

တောင်တက်သမား ၂၀၀ လောက်နဲ့ မလေးရှား ဧည့်လမ်းညွန် ၄၀ လောက်ကို ကျောက်တုန်းတွလိမ့်ကျလာမယ့် အန္တရယ်ရှိနေတဲ့အတွက် တောင်ထိပ်ပေါ်မှာပဲ နေဖို့ အာဏာပိုင်တွေက ညွန်ကြားထားပါတယ်။

ကျေက်တုန်းတွေ လိမ့်ကျလာမှာ စိုးရိမ်တဲ့အတွက် လက်တလော တောင်တက်တာတွေကို ရပ်ဆိုင်း ထားရပါတယ်။

မီတာ ၄၀၀၀ ကျော်မြင့်တဲ့ ကီနာဘာလူတောင်ဟာ ကမ္ဘာ့ တောင်တက်သမားတွေအကြား လူသိများတဲ့နေရာတခုဖြစ်ပါတယ်။

DVB
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.