ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးအဖြစ် ကွာစီမိုဒိုခွေးကို ရွေးချယ်


အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ နှစ်စဉ်ကျင်းပတဲ့ ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးပြိုင်ပွဲမှာ အခုနှစ်အတွက် ရုပ်အဆိုးဆုံးခွေးဆုကို ကွာစီမိုဒို (Quasi Modo) ဆိုတဲ့ ၁၀ နှစ်အရွယ် ခွေးလေးက ရရှိသွားပါတယ်။

ပစ်တ်ဘူးလ် (Pit Bull) နဲ့ ဟော်လန်ရှပတ်မျိုးစပ် ခွေးလေးဖြစ်ပြီး နောက်ဆုံး ဆန်ကာတင် ရုပ်အဆိုးဆုံးခွေး ၁၉ ကောင်နဲ့ ယှဉ်ပြိုင်ပြီး အနိုင်ရရှိသွားပါတယ်။

ဖလော်ရီဒါပြည်နယ်ကနေ လာရောက်ယှဉ်ပြိုင်တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကတော့ ဒုတိယပဲ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဆုရခဲ့တဲ့ခွေးလေးရော တခြားပြိုင်ပွဲဝင် ခွေးအများစုဟာ ခွေးလေခွေးလွင့် ထိန်းသိမ်းရေးစခန်းတွေကနေ ခွေးဝါသနာရှင်တွေက ရွေးချယ်မွေးမြူထားတဲ့ ခွေးလေးတွေ ဖြစ်ပါတယ်။

သူတို့ကို အခုလို ခွေးချစ်သူ ၀ါသနာရှင်တွေက ကောက်ယူမမွေးမြူခင်၊ ထိန်းသိမ်းရေးစခန်းကလည်း မကယ်ဆယ်ခင်က အနှိပ်စက်ခံခဲ့ကြရတဲ့ ခွေးလေးတွေ ဖြစ်တယ်လို့ ဒီပြိုင်ပွဲကို စီစဉ်တွေက ပြောပြပါတယ်။

ဒီပြိုင်ပွဲမှာ ပထမဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၅၀၀ ရရှိမှာပါ။

ပြိုင်ပွဲကို ကျင်းပလာတာ နှစ်ပေါင်း ၅၀ ရှိပြီဖြစ်ပြီး အမေရိကန်နိုင်ငံတ၀န်းက ရုပ်အဆိုးဆုံး ခွေးပိုင်ရှင်တွေက တကူးတက လာရောက်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

DVB
Previous
Next Post »
Powered by Blogger.