အိုင်အက်စ်အဖွဲ့ကို အမေရိကန်လေကြောင်းဖြင့်တိုက်ခိုက်ပုံ ဗွီဒီယို ဖြန့်ချိ


ဆီရီးယားနယ်စပ်မှာရှိတဲ့ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) ရဲ့ စခန်းတွေကို အမေရိကန်က လေကြောင်းကနေ ဆက်လက်တိုက်ခိုက်ေ်နတာကို ရိုက်ကူးထားတဲ့ ဗွီဒီယို အမေရိကန်ကာကွယ်ရေးဌာနက ထုတ်ပြန်ပါတယ်။

ဟာဆာခါမြို့အနီးက ပစ်မှတ်တွေကို မေ ၁၈ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ ပုံတွေ ဖြစ်ပါတယ်။

အိုင်အက်အဖွဲ့က စစ်မြေပြင်မှာ အသုံးပြုတဲ့ ယာဉ်တွေနဲ့ ရှေ့တန်းစခန်းတခုကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ အိုင်အက်အဖွဲ့ဟာ အီရတ်စစ်မျက်နှာမှာ အချက်အချာကျတဲ့ ရာမာဒီမြို့ကို သိမ်းနိုင်ခဲ့သလို ဆီရီးယားစစ်မျက်နှာရှိ ရှေးဟောင်းသမိုင်းဝင် ပါလ်မိုင်ရာ မြို့ကို သိမ်းခဲ့ပါတယ်။

ဆီရီးယားပြည်တွင်းစစ်ဟာ ၅ နှစ် ရှိနေပြီး အသေအပျောက်နဲ့ အပျက်အစီး ပမာဏဟာ တကမ္ဘာလုံးက စာနာထောက်ထားကြတဲ့ အတိုင်းအဆမျိုး ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့အဆိုအရ ဆီရီးယား ပြည်သူတွေဟာ မျှော်လင့်ချက် ကင်းမဲ့နေတယ်လို့ ဆိုပါတယ်။

ပြည်တွင်းစစ်အတွင်း လူပေါင်း ၂၂၀၀၀၀ ကျော် သေဆုံးခဲ့ပြီး လူဦးရေရဲ့ ၃ ပုံ ၁ ပုံဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။

လူဦးရေ ၂၃ သန်းထဲက ၁၂ သန်းကျော်ဟာ လူသားချင်း စာနာမှု အကူအညီ လိုအပ်နေပြီး အဲဒီအထဲမှာ ကလေးငယ် ၅ သန်း ပါဝင်တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်းရဲ့ လစဉ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


DVB
Previous
Next Post »
Powered by Blogger.