အခြားဗီစီဒီမှာ မပါတာမျိုးလေးတွေ အိမ်မက် ဗီစီဒီမှာတွေ့ရမယ်လို့ အာမခံလိုက်တဲ့ ချမ်းချမ်း


လက်ရှိမှာ အနုပညာကတစ်ဖက် ၀ါသနာပါတဲ့ စီးပွားရေးတစ်ဖက်နဲ့ ပြီးပြည့်စုံတဲ့ မိသားစု ဘ၀ကို ရရှိပိုင်ဆိုင်ထားတဲ့ ချမ်းချမ်းက နယ်ပွဲတွေမှာ လိုက်လံဖျော်ဖြေပေးဖြစ်နေပြီး သူမရဲ့အိမ်မက်အခွေ ဗီစီဒီကိုလည်း ရိုက်ကူးနေပြီ ဖြစ်တာကြောင့် ပြည့်ပြည့်စုံစုံသိရအောင် သူမကို မေးမြန်းဖြစ်တဲ့အခါ

-လတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပေးပါဦး။

လတ်တလောက အစ်မ အိပ်မက်အခွေကို ဗီစီဒီရိုက်နေတယ်။ ၂ ရက်ရှိပြီ။ နောက်ပြီး အစ်မ မုံရွာ သွားဖို့ရှိတယ်။ ကြားထဲမှာတော့ ရန်ကုန်ပွဲတွေ ဆိုဖို့ရှိတယ်။ မနေ့ကတော့ ooredoo ပွဲပေါ့ဆိုဖြစ်တယ်။ နောက်အစ်မ မန္တလေး၊ နေပြည်တော်၊ မြစ်ကြီးနား၊ တောင်ကြီး ရှေ့လမှာသွားဖို့ရှိတယ်။

-အိပ်မက်ဗီစီဒီကရော ဘယ်လောက်လောက်ပြီးသွားပြီလဲ။

၆၀ ရာခိုင်နှုန်းလောက်တော့ ပြီးသွားပြီ။ ကျန်တာက Edit ပိုင်းနဲ့ ကျန်တဲ့ သီချင်း ၂ပုဒ် ၃ပုဒ်လောက်ကို ရိုက်ဖို့ရှိသေးတယ်။ မင်းသားတွေ မအားတော့ သူတို့ကားရိုက် ၀င်နေလို့ပြန်စောင့်နေရလို့လေ။ ကိုဆန်းထွဋ်၊ ကိုမာန်ပြည့်၊ ကိုဘုန်းသိုဏ်၊ အမေရိကားကကောင်လေး တစ်ယောက် မဒီလွန်ရဲ့သားလေး ရစ်ချက်နဲ့လဲ ရိုက်ထားတယ်။ နောက်ထားထက်ထက်နဲ့လဲရိုက်ထားတယ်။ နောက် ကိုသူထူးစံနဲ့လဲ ရိုက်ဖို့ရှိတယ်။ အစ်မက ၄ ၊ ၅ ၊ ၆ ပုဒ်လောက်တော့ သရုပ်ဆောင်မယ်။ ကျန်တာကတော့ တခြားအနုပညာရှင်တွေပါမယ်။

-ဘယ်လိုပုံစံမျိုးလေးတွေရော ဖန်တီးထားလဲ။

Story များမယ်။ နောက် တခြား ဗီစီဒီတွေမှာ မတွေ့ရတဲ့ ပုံစံမျိုးလေးတွေ သုံးထားတယ်။ အသစ်လေးတွေလဲ ပါမယ်။ နောက်ပင်ကိုယ် အရည်အချင်းရှိတဲ့သူတွေလဲ ပါမယ်။ ထားထက်ထက်တို့ဆိုရင်လဲ ကျွမ်းဘားလက်ရွေးစင် ဆိုတော့သူ့ရဲ့ Talent ဖြစ်တဲ့ ဟာလေးတွေကို ဖော်ထုတ်ပြီး ရိုက်ထားပေးတယ်။ သူ့ကိုလဲ ရိုးရိုး Miss တစ်ယောက်အနေနဲ့မဟုတ်ပဲ ဒီဖက်တွေမှာပါ ကျွမ်းကျင်တယ်ဆိုတာ သိအောင်လို့ပေါ့။ ရတောင့်ရခဲ့ပေါ့။ ဗီစီဒီတိုင်းမှာ မပါတာမျိုးလေးတွေ ရိုက်ထားတယ်။ များသောအားဖြင့် ဗီစီဒီတွေက sexy လုပ်တာ များတယ်။

ပြီးတော့ အလှအပ ကဒ်လေးတွေများတယ်။ တကယ့် Talent ဖြစ်တဲ့ဟာမျိုးကျတော့ သိပ်မထည့်ကြဘူးလေ။ ပြီးတော့ အဲ့ဒီအတွက် အချိန်လဲ သိပ်မပေးချင်ကြဘူးလေ။ အစ်မကတော့ ကိုယ့်ဗီစီဒီထဲမှာပါတဲ့ လူတစ်ယောက်ရဲ့အရည်အချင်းကိုလဲဖော်ထုတ်ချင်တယ်။ ဘာလဲ ဆိုတော့သူက လှရုံတင် မကဘူး။ ဒီလိုမျိုးလဲရှိတယ်ဆိုတာ လူတွေကိုသိစေချင်တယ်။ ဒါရိုက်တာတွေကတော့ ကိုဘုဏ်းသိုက်ရိုက်ပေးတယ်။ ကိုဝင်းလွင်ထက်လဲ ရိုက်ပေးဖို့ရှိတယ်။ ပြီးတော့ တခြား ဒါရိုက်တာတွေလဲပါဦးမယ်။

-ဗီစီဒီထဲမှာ အစ်မသမီးလေးကိုရော ထည့်ရိုက်ဖို့ရှိမလား။

အဲ့ဒါကမသေချာသေးဘူး။ ရိုက်ဖြစ်မရိုက်ဖြစ်ကသမီးလေးပေါ်လဲ မူတည်တယ်။ ရှုတင်တစ်ခုတည်ပြီဆို ပင်ပန်းတာပဲ။ သမီးလေးရဲ့ လုပ်တတ်တဲ့ပေါ် မူတည်ပြီးတော့ ထည့်ရင်လဲ ထည့်ဖြစ်မယ်။ သူနဲ့ကိုက်တဲ့ သီချင်းပေါ့။ သူနဲ့ကိုက်တာဆို သားချော့တေးတော့ ပါတာပဲ။

-ဘယ်ချိန်လောက်ထွက်ဖြစ်မယ်လို့မှန်းထားလဲ။
ဒီဂျုလိုင်လဆန်းလောက်တော့ မှန်းထားတယ်။ အခွေကိုတော့ အကောင်းဆုံးကြိုးစားထားတယ်။ ဒါပေမဲ အဲ့ဒီကြိုးစားမှုကို သူတို့လက်ခံချင်လဲ လက်ခံမယ်။ လက်မခံချင်လဲ ရတယ်။ စေတနာထားပြီး ရိုက်ပေးတယ်။ သူတို့ကြိုက်ရင်လဲ ကောင်းတာပေါ့။ မကြိုက်ရင်တော့လဲ ဘာမှတော့မဖြစ်ပါဘူး။

-အစ်မဖက်ရှင်ဆိုင်လေး ဖွင့်ထားတယ်လို့သိရတယ်။

ဟုတ်။ ဗိုလ်တထောင်ဘုရားလမ်းမှာ ဖွင့်ထားပါတယ်။ ဖွင့်ဖြစ်တဲ့အကြောင်းက ကိုယ်တိုင်လဲ အနုပညာ အလုပ်လုပ်နေတော့ အကျီင်္အ၀တ်အစားတွေ အရမ်းဝတ်ရတယ်။ ကိုယ်တိုင်ကလဲ ဖက်ရှင်ကိုစိတ်ဝင်စားတယ်။ အစ်မတို့က အ၀တ်အစားအရမ်းလဲ ကုန်တယ်။ ၀ယ်တဲ့အခါ ဘန်ကောက်မှာ သွားဝယ်တယ်။ မအားရင် ရန်ကုန်မှာပဲ ၀ယ်ရတယ်။ ရန်ကုန်မှာက အရမ်းဈေးကြီးတယ်။ ကိုယ်တကယ်တမ်း ဆိုင်ဖွင့်တဲ့အချိန်မှာ သူများဆိုင်နဲ့ယှဉ်ကြည့်ရင် ထက်ဝက်လောက်ကို သက်သာတယ်။ အစ်မတချို့ဆိုင်တွေမှာ သွားမေးတယ်။ ၁၈၀၀၀ ၊ ၂၀၀၀၀ ခေါ်တဲ့ဟာတွေက အစ်မဆိုင်မှာ ၈၀၀၀ ၊ ၉၀၀၀ ပဲရှိတယ်။ ဘာလို့လဲဆိုတော့ အစ်မတို့က အရင်းဈေးကို သိနေတာကိုး။ အစ်မဘာမှလဲ မတင်ထားဘူး။ အဲ့ဒီလိုအခါကျတော့ ပုံမှန်သွားလာနေတဲ့ ရုံးသမားတွေ၊ ကျောင်းသူတွေလဲ ၀ယ်နိုင်တယ်။

အစ်မကယောကျာ်းလေးဆိုင်နဲ့ တွဲဖွင့်ထားတာကိုး။ ၆၀၀၀ ၊ ၇၀၀၀၊ ၈၀၀၀၊ တန်ဆို လူတိုင်းဝယ်နိုင်တယ်။ သူများဆိုင်တွေက ၂၀၀၀၀ ၊ ၃၀၀၀၀တွေ တင်တာက ဆိုင်ခန်းက၊ အလုပ်သမားကြေးဆိုပြီးပြောကြတယ်။ အစ်မတို့လဲ အလုပ်သမား မရှိဘူးလား ဆိုရှိတယ်။ ဆိုင်ခန်းခလဲပေးရတာပဲ။ ဒါပေမဲ့ အကျီင်္တစ်ထည်မှာတင်တဲ့ ဈေးနှုန်းက ၂၀ ရာခိုင်နှုန်းထက်တင်ရင် မသင့်တော်ဘူးလို့အစ်မထင်တယ်။ အဲ့ဒီအတွက်ကြောင့် ရှုံးတာမြတ်တာထက် တကယ်လူတွေနဲ့အဆင်ပြေမဲ့ အ၀တ်အစားမျိုးနဲ့ အရမ်းကြီးဈေးကြီးရင်လဲ မ၀ယ်နိုင်ကြမှာစိုးလို့၊ ၂ မျိုးထားထား တယ်ပေါ့။ အစ်မဆိုင်ဖွင့်ထားတာ ၆လလောက်ပဲ ရှိပါသေးတယ်။ အစ်မဆိုင်မှာ အစုံရှိတယ်။ ပေါ့ပေါ့ပါးပါးလေးတွေရော၊ ပွဲတက်ရောအစုံရှိပါတယ်။

-အနုပညာ၊ စီးပွားရေး၊ မိသားစု အဲ့ဒီသုံးခုကိုဘယ်လိုမျှတအောင်အချိန်ပေးဖြစ်လဲ။

အဓိကကတော့ အားလုံးကို မျှတအောင် အချိန်ပေးရတာပေါ့။ အခုလောလောဆယ်ကတော့ အနုပညာဖက်ကို ပိုဇောက်ချပြီးလုပ်ဖြစ်တယ်။ ဒီရက်ပိုင်းက ပွဲတွေက နယ်ဖက်များတဲ့အခါကျတော့ ရန်ကုန်မှာ ရှိတုန်းလေး သမီးလေးကို အချိန်ပေးဖြစ်တယ်။ ဆိုင်ကတော့ အစ်မသိပ်ကြီးကြပ်စရာသိပ်မလိုဘူး။ နည်းနည်းပါးပါးဝင်ပြီး စစ်ဆေးတာလောက်ပဲ ရှိတယ်။ တချို့ကာစတမ်မာတွေ ကိုယ်ပြောမှ ရမယ်ဆို အစ်မလုပ်ပေးဖြစ်တယ်။ အစ်မစေတနာနဲ့ဖွင့်တာပါ။ စီးပွားရေးအရ မဟုတ်ပါဘူး။ အစ်မဆိုင်မှာ ထိုင်လန် အကျီင်္တွေများတယ်။ နောက်ရန်ကုန်မှာဆိုရင် ဒိုင်ပေးတဲ့ အစ်မတစ်ယောက်ရှိတယ်။ သူနဲ့လဲခင်တော့ သူလဲ ကိုယ့်ကိုကူညီပေးတယ်။ အစ်မဆိုင်မှာ ပြောင်ပြောင်လက်လက်တွေ သိပ်မရှိဘူး။ ပုံမှန်ဝတ်စုံလေးတွေပဲ များတယ်။

-သမီးလေးကိုရောဘယ်လိုအချိန်ပေးဖြစ်လဲ။

သာမန်ပါပဲ။ ကိုယ်ရှိတဲ့အချိန် ကိုယ့်သမီးလေးကို ထမင်းကျွေး၊ ပြီးတော့သူ့ကိုဖြည့်စွက်စာကျွေး၊ နောက်သူနဲ့တူတူဆော့ပေး၊ သူ့ကိုသိပ်ဒါပါပဲ။ နယ်ရှိုးတွေ ထွက်ရင်သူ့ကိုမခေါ်ဘူး။ အဖိုးအဖွားတွေနဲ့ပဲ ထားခဲ့တာများတယ်။ ရာသီဥတု မတူဘူးလေ။ နယ်ဝေးရင် မခေါ်ဘူး။

-သမီးလေးပေါ်အစ်မရဲ့မျှော်လင့်ချက်ကဘယ်လိုမျိုးရှိလဲ။

အစ်မ သူ့ကိုတင်းကြပ်တဲ့ စည်းကမ်းတွေ မထားထားဘူး။ သူဝါသနာပါတာပဲ ပြုစုပျိုးထောင်ပေးမယ်လို့စိတ်ကူးထားတယ်။ သူကသီချင်းအရမ်းကြိုက်တယ်။ သီချင်းသံကြားရင်ပြေးသွားတယ်။ ကင်မရာနဲ့လဲမစိမ်းဘူး။ ကင်မရာလဲမကြောက်တတ်ဘူး။

Trend Myanmar
Previous
Next Post »
Powered by Blogger.