ချစ်သူနဲ့ ရိုမန်တစ်ဆန်ဆန် အားလပ်ရက်ခရီး ထွက်သင့်တဲ့ အကြောင်းရင်း (၅) ချက်


ကျွန်ုပ်တို့ အများစုဟာ ဘယ်တော့မှ အတောမသတ်တဲ့ စိတ်ဖိစီးမှုတွေရှိကြပါတယ်။ အဲဒါ ဘဝပဲ ဖြစ်ပါတယ်။ ကျွနု်ပ်တို့ ဘဝမှာ စိတ်ဖိစီးမှုနဲ့ ဘဝရဲ့ အတက်အကျတွေကို ဘယ်လိုပုံစံနဲ့ ဖြတ်သန်းကျော်လွှားကြတယ်ဆိုတာ အရေးကြီးပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ အလေးမထားဘူး ဆိုရင် အလုပ်အကိုင်၊ မိသားစုနဲ့ အခြားဝတ္တရားတွေမှ လာတဲ့ စိတ်ဖိစီးမှု အားလုံးတို့ကြောင့် ထိခိုက်ဆုံးရှုံးမှု ဖြစ်စေပါလိမ့်မယ်။

ချစ်သူစုံတွဲဘဝ အဓွန့်ရှည်စေဖို့ ရိုမန်တစ် ဆန်တဲ့ ခရီးထွက်ခြင်း ဘာကြောင့် မရှိမဖြစ်လိုအပ်တဲ့ အကြောင်းအရင်း (၅) ချက်ရှိပါတယ်၊ အဲ့ဒါတွေကတော့…

၁။ အချင်းချင်းမှ လွဲ၍ တခြားဘာမှ တွေးစရာမရှိ

ယာဉ်ကျောပိတ်ဆို့ခြင်း မရှိဘူး။ ဘီလ်ဆိုလဲ မရှိဘူး။ အလုပ်လဲမရှိဘူး။ ကလေးတွေရှိပြီး ကံကောင်းလို့ ဒီအရာတွေကို ခဏလေး ကြည့်ရှုပေးဖို့ မိသားစုရှိပါက အခွင့်အရေးယူပြီး သူတို့ကို အိမ်မှာ ချန်ရစ်ထားလိုက်ပါ။ အိမ်ထောင်ရှင်ဖြစ်နေမယ်ဆိုရင်တောင် ချစ်သူစုံတွဲတွေလိုဒီအရာက ပြန်ခံစားစေပါလိမ့်မယ်။ ပြန်လည် ပတ်သက်တဲ့အခါ ရင်းနှီးမှုပိုဖြစ်စေပြီး ဘဝအကြောင်းအမြင်အမျိုးမျိုးနဲ့ ပြောဆိုဖို့ အချိန်ပိုရပါလိမ့်မယ်။

၂။ ငြီးငွေ့စရာတွေ ဖယ်ရှားပေးတယ်

ဘဝရဲ့ လုပ်ရိုးလုပ်စဉ်တွေက သမားရိုးကျ ပိုဖြစ်လာပါတယ်။ အဲဒီတော့ ရလဒ်အနေနဲ့ ငြီးငွေ့ခြင်းတွေဖြစ်လာတယ်။ ချစ်သူစုံတွဲဘဝတွေက အလွယ်တကူ နောက်ပြန်လျော့ကျ သွားနိုင်ပါတယ်။ အသစ်တစ်ခုကို ခံစားလိုက်ရသလိုပေါ့၊

၃။ မျှော်လင့်ချက်တစ်စုံတစ်ခုရရှိတယ်

စူးစမ်းစရာနေရာ သစ်လေးတွေနဲ့ လုပ်စရာတွေ ဝိုင်းစဉ်းကြတဲ့အခါ အစီအစဉ်တွေ ဆွဲရတာ ပျော်စရာကောင်းပြီး အမှတ်တရဖြစ်စရာတွေပြည့်နက်နေပါလိမ့်မယ်။

၎။ အမှတ်တရသစ်တွေ ဖန်တီးပေးတယ်

အတွေ့အကြုံနဲ့ အမှတ်တရာတွေ ပြန်စဉ်းစားတာ တခြားအရာတွေစဉ်းစားတာထက် ပျော်ရွှင်မှု ပိုမိုရရှိစေပါတယ်။ ရိုမန်တစ် ဆန်ဆန်ခရီးထွက်ခြင်းရဲ့ အဓိက ရည်ရွယ်ချက်မှာ ပျော်ရွှင်မှုရဖို့ဖြစ်ပြီး အိမ်ကို ပြန်လာတဲ့အချိန်မှာတောင် တစ်စုံတစ်ခုနဲ့ ပတ်သက်ပြီး ပြုံးစရာ ကျန်ရစ်နေပါလိမ့်မယ်။

၅။ သင်တန်ဖိုးထားတတ်တယ်

သင်အလုပ်တကယ်ကြိုးစားတယ်။ အစစအရာရာ ကိုင်တွယ်ဖြေရှင်းရပါတယ်။ အခုတော့ မိမိအတွက်နဲ့ မိမိချစ်သူစုံတွဲဘဝမှာ လိုအပ်တဲ့ အားအင်တွေ ပြန်လည်ဖြည့်စွက်ဖို့ အချိန်ဖြစ်ပါတယ်။

ပေါ်ထွန်း - Trend Myanmar
Previous
Next Post »
Powered by Blogger.