ဓာတ်ပုံ – ရိုက်တာ |
အမေရိကန် ပြည်ထောင်စု တက္ကဆတ်ပြည်နယ်နဲ့ အိုကလာ ဟိုးမားပြည်နယ်တို့မှာ မိုးသည်းထန် နေတာကြောင့် လူ ၉ ဦးထက် မနည်း သေဆုံးသွားတယ်လို့ အရာရှိတွေ ပြောပါတယ်။
တက္ကဆက်မှာ လူတချို့ ပျောက်နေသေးတာကြောင့် သေဆုံးစာရင်း တိုးလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ တက္ကဆက်နဲ့ အိုကလာ ဟိုးမားတို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မုန်တိုင်းဝင်ခဲ့ပြီး အိမ်ရာနဲ့ချီ ပျက်စီးခဲ့သလို တံတားတွေပါ ပျက်စီးသွားခဲ့ပါတယ်။
တက္ကဆက်ပြည်နယ်ထဲက လူဦးရေ အများဆုံးဖြစ်တဲ့ ဟူးစတန် Houston မြို့မှာလည်း ရေကြီးနေပြီး ဒုက္ခရောက်သူ ၁၀၀၀ လောက် အကူအညီ တောင်းခံခဲ့ရတယ်လို့ မြို့ အရာရှိတွေက ပြောပါတယ်။
လူ ၂ ဦး ဆေုံးပြီး လူ ၅၀၀ လောက်ကို မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ရေး လှေတွေနဲ့ သွားခေါ်ခဲ့ရတယ်လို့ နယ်ခံ သတင်းတွေမှာ ဖော်ပြပါတယ်။ တက္ကဆက် ပြည်နယ်အုပ်ချုပ်ရေးမှူးက နယ်မြေ ၂၄ ခုမှာ သဘာဝဘေး အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။
သမ္မတ အိုးဘားမားကလည်း ပြည်နယ် အစိုးရကို အကူအညီပေးသွားမယ်လို့ မေ ၂၇ ရက်နေ့က ပြောပါတယ်။
တက္ကဆက်မှာ ပျောက်ဆုံးနေသူ ၁၂ ဦးရှိပြီး အယောက် ၃၀ ကိုလည်း အဆက်အသွယ် မရသေးပါဘူး။ ဟူးစတန်မြို့မှာ ရေဘေးအန္တရာယ်ကို သတိပေးထားရပြီး လေယာဉ်ခရီးစဉ် ၁၇၀ ကျော်လည်း ဖျက်သိမ်းထားရပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon