ဓာတ်ပုံ – MOI |
မေလ ၂၉ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ လှေစီးအရေးစည်းဝေးပွဲကို ခေါင်းဆောင်တက်ရောက်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက လှေစီးပြေးအများစုရဲ့ ရင်းမြစ်ဟာ မြန်မာမဟုတ်ကြောင်းနဲ့ လှေစီးဒုက္ခသည်တွေကို လက်ခံထားတာလည်း ယာယီသာဖြစ်တယ်ဆိုတဲ့ ရလဒ် ၂ ခုရရှိအောင် ဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာကို ပြောကြားခဲ့တာပါ။
မေ ၂၉ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ပုံမှန်မဟုတ်ဘဲ ပြောင်းရွှေ့နေတဲ့ သူတွေအရေးအစည်းအဝေးမှာ နိုင်ငံပေါင်း ၁၇ နိုင်ငံနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ)၊၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာအဖွဲ့ (ယူအန်အိုဒီစီ) နဲ့ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (အိုင်အိုအမ်) က ကိုယ်စားလှယ်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
လတ်တလော မြန်မာနိုင်ငံမှာ လှေစီးဒုက္ခသည် ၁၀၀၀ လောက် ယာယီစောင့်ရှောက်ထားရပြီး အများစုဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်ပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon