၂၄နှစ်ပြည့်ပြီးသောမိန်းကလေးများအတွက်


(၁) ဒီလောကမှာမိဘတွေပဲကိုယ့်အပေါ်ထာဝရကောင်းတယ်

ဆိုတဲ့အမှန်တရားကိုယုံကြည်ထားရမယ်။

သင်၂၄ နှစ်ပြည့်ပြီ။

ငယ်ရွယ်ချိန်မှာမိဘတွေအပေါ်ဆန့်ကျင်ပုန်ကန်ခဲ့၊
သူတို့စိတ်ပူအောင်လုပ်ခဲ့တာကို မှတ်မိသေးလား။
သင် ၂၄နှစ်ပြည့်ပြီ။မိဘတွေရဲ့အသက်လည်း ရာစုနှစ်တစ်ဝက်ကျော်တော့မယ်။သူတို့အပေါ်ကောင်း
ကောင်းဆက်ဆံဖို့အချိန်သိပ်မကျန်တော့ပါဘူး။
ဆုံးရှုံးသွားမှမိုက်မဲဆိုးသွမ်းခဲ့ပါတယ်၊ကျေးဇူးမဆပ်လိုက်ရဘူးလို့ နောင်တမရပါနဲ့။

(၂) အိမ်ထောင်ပြုတဲ့အသက်အရွယ်ရောက်ပြီ

ဆိုပေမယ့်လောစရာမလိုပါဘူး။

သင့်မှာချစ်သူရှိကောင်းရှိလိမ့်မယ်။
သင်နဲ့သင်ချစ်သူတို့တစ်သက်လုံးချစ်ကြမယ်လို့ ကတိသစ္စာဆိုချင်ဆိုထားကြမယ်။သင်အခုမှ
၂၄နှစ်ပြည့်တာပါ။တစ်သက်ဆိုတာဘယ်လောက်ရှည်ကြာမယ်မှန်းသင်မသိနိုင်ပါဘူး။ဘဝဆိုတာ
ဖြတ်သန်းပြီးမှဖြစ်လာတာပါ။စိတ်ကူးယဉ်ပြီးမှဖြစ်လာတာ မဟုတ်ပါဘူး။အိမ်ထောင်ပြုတယ်
ဆိုတာလူနှစ်ယောက်တည်းရဲ့ကိစ္စမဟုတ်ပါဘူး။
မိသားစုနှစ်စုရဲ့ကိစ္စပါ။တစ်သက်မှာတစ်ခါဆိုတဲ့ယုံကြည်မှုကိုလက်ကိုင်ထားပြီးအဲဒီတစ်ခါကိုအသင့်တော်ဆုံးလူအတွက်ထားပါ။လောစရာမလိုပါဘူး။

(၃) ကလေးမဆန်၊မရူးမိုက်နဲ့တော့

သင်၂၄နှစ်ပြည့်ပြီ။တခြားလူအတွက်ဟာသဖြစ်စေမယ့်ရူးရူးမိုက်မိုက်အလုပ်တွေမလုပ်နဲ့တော့။ညဘက်အိမ်မကပ်တာ၊လမ်းပေါ်မှာအော်ကြီးဟစ်ကျယ်ရန်ဖြစ်တာ၊ကိုယ့်အသက်နဲ့ခြိမ်းခြောက်တာ၊ဘာမဟုတ်တဲ့
ကိစ္စနဲ့အော်ဟစ်ငိုယိုတာ၊ဒါတွေကအသက်၂၄နှစ်မပြည့်ခင်ရူးမိုက်ခဲ့၊တွေ့ကြုံခဲ့ပြီးတဲ့အရာတွေပါ။
အခုအသက်၂၄နှစ်ပြည့်တော့ရင့်ကျက်နားလည်မှုတွေရှိသင့်ပါပြီ။ မိန်းကလေးဆိုတာဂုဏ်ရှိရှိနဲ့ဝင့်ကြွားစွာရှင်သန်နေသင့်တယ်။သူတစ်ပါးအချစ်ကိုရဖို့ကိုယ့်ကိုယ်ကိုသိမ်ငယ်နိမ့်ချနေစရာမလိုပါဘူး။

(၄) အထီးကျန်အဖော်မဲ့လို့ရည်းစားထားတာမျိုးမဖြစ်စေနဲ့။

သင်၂၄နှစ်ပြည့်ပြီ။ကိုယ့်ဘဝကိုကိုယ်တာဝန်ယူတတ်ဖို့သင်ယူရပါမယ်။

(၅) ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို

တခြားသူဆီကနေလက်ဆောင်ရဖို့မမျှော်လင့်ပါနဲ့။

သင်၂၄နှစ်ပြည့်ပြီ။အရင်တုန်းကမြူတူတူဆော့ကစားခဲ့သလိုမျိုး အီစီကလီဆိုတာ
မရှိသင့်တော့ဘူး။ကိုယ်ကြိုက်နှစ်သက်တဲ့အရာကိုတခြားသူဝယ်ပေးတာမျိုး၊တခြားသူ
ဆီကနေလက်ဆောင်ရဖို့ မျှော်လင့်တာမျိုးမရှိသင့်တော့ဘူး။ကိုယ့်အားကိုယ်ကိုးသင့်ပါပြီ။
ဝင်ငွေမှာလည်းကိုယ့်အားကိုယ်ကိုးတဲ့အခြေခံရှိသင့်ပါပြီ။

(၆) တကယ်လို့ယောက်ျားတစ်ယောက်ကသင်နဲ့သူ

မတူမတန်ဘူးလို့ပြောလာခဲ့ရင်သူ့စကားကိုယုံကြည်လိုက်ပါ။

သင်နဲ့ မလိုက်ဖက်ဘူး၊ မတူမတန်ဘူးလို့ကိုယ့်ကိုယ်ကိုပြောလာတဲ့ယောက်ျားက
သင်နဲ့တစ်သက်လုံးလည်းလိုက်ဖက်မှာမဟုတ်ပါဘူး။အားထားထိုက်မှာမဟုတ်ပါဘူး။
တန်ဖိုးထားတယ်ဆိုတာ ခွန်အားနဲ့မဆိုင်ပါဘူး။ငွေကြေးနဲ့မဆိုင်ပါဘူး။

(၇) ပြတ်သားတဲ့ရည်မှန်းချက်နဲ့

အဲဒီရည်မှန်းချက်အတွက်ကြိုးစားပါ။

သင်၂၄နှစ်ပြည့်ပြီ။နိုင်ငံခြားထွက်ကျောင်းဆက်တက်မလား၊အလုပ်ရှာမလား၊ တစ်ခုခု သင်ယူမလား။ သင် ၂၄နှစ်ပြည့်ပြီ။လူမှုကွန်ယက်ထဲသင်ခြေဝင်ဆန့်ဖို့ နီးလာပါပြီ။အဲဒီအတွက် သင်အဆင်သင့်ဖြစ်နေပြီလား။

(၈) လုပ်မယ်လို့ဆုံးဖြတ်ထားတဲ့အရာကို

ဖြစ်အောင်လုပ်ပါ။

တစ်ခါတလေကိုယ့်ကိုယ်ကို စည်းကမ်းတင်းကျပ်သင့်တယ်။ဆုံးဖြတ်ချက် ခိုင်မာသင့်တယ်။ကိုယ့်ကိုယ်ကို
သနားနေရင်၊ပျော့ညံ့နေရင်ဘာမှဖြစ်လိမ့်မှာမဟုတ်ဘူး။သင် ၂၄နှစ်ပြည့်ပြီ။လက်တွေ့ဘဝကို
ရင်ဆိုင်တတ်ရပါတော့မယ်။ရှောင်လွဲတာမျိုး၊စိတ်ကူးယဉ်တာမျိုး မရှိသင့်တော့ပါဘူး။

(၉) နာကျင်ထိခိုက်စေခဲ့သူကိုကျေးဇူးတင်ပါ။

အသက်၂၄နှစ်ပြည့်တဲ့နေ့မှာသင့်ကိုနာကျင်ထိခိုက်စေခဲ့သူကိုလက်ပြနှုတ်ဆက်ပါ။
သူတို့ကိုကျေးဇူးတင်ပါ။သင်ကြီးပြင်းလာခဲ့ပါပြီ။ထိခိုက်နာကျင်မှုတချို့ကိုတည့်တည့်ရင်ဆိုင်ရပါလိမ့်မယ်။
တချို့ထိခိုက်နာကျင်မှုတွေကသင့်ကိုကောင်းတဲ့သင်ခန်းစာတွေ ပေးပါလိမ့်မယ်။

(၁ဝ) လှည့်ထွက်တာက

မျက်ရည်ကျတာထက်မြန်ရမယ်။

သင်၂၄နှစ်ပြည့်ပြီ။ဘယ်သူကမှသင့်ကိုကလေးလိုသဘောထားတော့မှာမဟုတ်ဘူး။ကိုယ့်အမှားကို
ကိုယ်တိုင်တာဝန်ယူတတ်ရပါတော့မယ်။သင် ၂၄နှစ်ပြည့်ပြီ။နာကျင်ဝမ်းနည်းမှုတွေ၊အခက်အခဲတွေကို
ခံနိုင်ရည်ရှိဖို့ သင်ကြိုးစားရပါမယ်။

ဒါတွေဟာဖြစ်ပြီးရင်ပျက်သွားမယ်အရာတွေပါ။ငါသတ္တိရှိရှိလုပ်နိုင်တယ်လို့ကိုယ့်ကိုယ်ကို
အမြဲအားပေးပါ။တခြားသူရဲ့ရှေ့မှာဘယ်တော့မှမျက်ရည်မကျစေပါနဲ့။သင့်မျက်ရည်ကိုသူတို့မြင်ဖန်များရင်
သင်ဟာပျော့ညံ့သူဆိုတာသူတို့အလိုလိုသိသွားပါလိမ့်မယ်။

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.