ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ ထိန်းသိမ်းထားသည့် လွိုင်လင်မြို့က ကား


ယာဉ်အို ယာဉ်ဟောင်းများအား အပ်နှံခိုင်းကာ အရည်ကျိုသည့် ခေတ် ကာလကြီးတွင် ယနေ့ထုတ် အစိုးရသတင်းစာတွင် ပါရှိသည့် သတင်းတပုဒ် မှာ စိတ်ဝင်စားဖွယ်ဖြစ်ပေသည်။

ရေးသူမှာ သန်းထိုက်(လှိုင်သာယာ) ဆိုသူဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ ပင်လုံစာချုပ်ချုပ်ဆိုရန် လွိုင်လင်မြို့သို့ ရောက်ရှိလာစဉ် လွိုင်လင်မှ ပင်လုံမြို့သို့ လိုက်လံပို့ဆောင်ပေးခဲ့သည့် ချက်ပလက်အမျိုအစား (ခ/၈၂၁၇ )ကို ယနေ့ တိုင်အမှတ်တရအဖြစ် သိမ်း ဆည်းထားသည်ဟူသော သတင်းဖြစ်သည်။

အဆိုပါ ကားကို မောင်းနှင်ကာ လိုက်လံပို့ဆောင်ပေးခဲ့သူမှာ ကားပိုင် ရှင်မှာ ဂေါ်ရခါးလူမျိုး ဦးကံချားဟု သိရပြီး၊ ယခုအခါ ချက်ပလက်ကားကို လွိုင်လင်မြို့ အမှတ် ၁ ရပ်ကွက် သီတာလမ်းနေ ဦးကံချား၏ သမီးဖြစ် သူ ဒေါ်မီးနားက ထိန်းသိမ်းထားသည်ဟုသိရသည်။

အစိုးရက ယာဉ်အိုယာဉ်ဟောင်းများ ဖျက်သိမ်းရေး အစီအစဉ် တွင် ရှေးဟောင်းမော်တော်ကားတော်တော်များများလည်း ပါရှိသွားရာ ယခုအခါ မြန်မာနိုင်ငံတွင် ရှေးဟောင်းကားများကို တန်ဘိုးထား မြတ်နိုးသူ အနည်းငယ် ကသာ ထိန်းသိမ်းထားသည်ကို တွေ့ရသည်။

ဧရာဝတီ | ဓာတ်ပုံ- MOI
Previous
Next Post »
Powered by Blogger.