နဂိုမွေးရာပါနှုတ်ခမ်းအစုံကို ပြည့်ပြည့်ဖောင်းဖောင်း ပိုဖြစ်ချင်သလား။ နှုတ်ခမ်းသား ပိုမိုပြည့်ဖောင်းလာစေဖို့ ပြုပြင်မှု မလုပ်ခင် ဒီအချက်လေးတွေကို သိထားသင့်ပါတယ်။
၁။ ပန်းချီဆရာတွေ နည်းတူ ဆရာဝန်တိုင်းမှာလည်း သူတို့ သုံးစွဲဖို့ အကြိုက် ဖော်မြူလာတစ်မျိုးစီ ရှိကြပါတယ်။ အစောဆုံးနဲ့ သဘာဝအဖြစ်ဆုံး နှုတ်ခမ်းသားဖြည့်ဆေးက Hyaluronic acid (HA) ပါ။
၂။ HA က permanent မဟုတ်တာကြောင့် ပြန်ဖျက်နိုင်ပါတယ်။ မကြိုက်ရင် hyaluronidase ခေါ် ဖျက်ဆေး enzyme ဆေးထိုးလိုက်ပြီး ၅ မိနစ်အတွင်း ပျောက်အောင် လုပ်နိုင်ပါတယ်။
၃။ အပြီးအစီးထိ $500 ကနေ $2000 အထိ ကုန်ကျနိုင်မှာမို့ မိမိငွေကြေး အခြေအနေကို အရင်ကြည့်သင့်ပါတယ်။
၎။ HA fillers တွေ ၆လ ခန့်သာ ခံပါတယ်။
၅။ ရလဒ်ကို ချက်ချင်းနီးပါး မြင်ရပါမယ်။
၆။ သေသေချာချာ လုပ်ထားခဲ့ရင်တော့ အစစ်နဲ့ လုံးဝ မခြားမနားပါပဲ။
၇။ Fillerကို စထိုးပြီးပြီးချင်း လက်သည်းဆိတ်လိုက်သလို ခံစားရပြီး နောက်တော့ ကျိန်းစပ်လာပါလိမ့်မယ်။
၈။ အရင်ဆုံး နှုတ်ခမ်းကို ထုံဆေးတစ်မျိုးမျိုးနဲ့ ထုံးကျင်စေပါလိမ့်တယ်။
၉။ စုစုပေါင်း အချိန် ၁၅ မိနစ် ကနေ မိနစ် ၂၀ ထိ ကြာပါတယ်။ ထုံဆေးက ၁၅ မိနစ်လောက်ဆို စပြယ်ပါတယ်။ ပြီးသွားပါက ပုံမှန်အတိုင်း သွားလာနိုင်ပါတယ်။
၁၀။ အဲဒီနေ့မှာ လေ့ကျင့်ခန်းတွေ မလုပ်သင့်ပါဘူး။ အထူးသဖြင့် အနှိပ်ခံတာ၊ မျက်နှာအလှပြုပြင်ခြင်းစတဲ့ မျက်နှာသွေးလည်ပတ်မြန်စေမယ့် ဟာမျိုးကို ရှောင်သင့်ပါတယ်။
၁၁။ နှုတ်ခမ်းတစ်ခုလုံး လုပ်ရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ နှုတ်ခမ်းရဲ့ ဘယ်အပိုင်းကို အသားပေးလုပ်ချင်လဲ ရွေးချယ်နိုင်ပါတယ်။
၁၂။ နှုတ်ခမ်းဆေးထိုး ပြုပြင်မှုခံယူတော့မယ်ဆိုရင် အရေပြားအထူးကု သို့မဟုတ် ပလတ်စတစ်ဆာဂျူရီ လုပ်ပေးနေကျ ခွဲစိတ်ကုဆရာဝန် စတဲ့သူတွေဆီသာ သွားသင့်ပါတယ်။
၁၃။ အနည်းငယ် ခက်ခဲပြီး သွေးတွေယိုလာတာ ပုံမှန်ဖြစ်နေကျ အရာတွေပါ။ လေးငါးခြောက်ရက်လောက်ဆိုရင် ပျောက်သွားပါလိမ့်မယ်။ လိုအပ်ပါက ဆရာဝန်မှ လေဆာသုံးဖြေရှင်းပေးပါလိမ့်မယ်။
၁၄။ အိန်ဂျယ်လီနာဂျိုလီ နှုတ်ခမ်းအတိုင်း လိုချင်တယ်ဆိုပြီး ဇွတ်ပြောလို့တော့ မရပါဘူး။ မိမိမျက်နှာနဲ့ ဘယ်ဟာက အလိုက်ဖက်ဆုံးလဲဆိုတာ မိမိကိုယ်တိုင်နဲ့ ဆရာဝန်က ဆုံးဖြတ်ရမှာပါ။
Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon