ကျွန်တော်တို့ လူသားတွေပဲ မေတ္တာတရားကြီးမားတာ မဟုတ်ပါဘူး။ တိရစ္ဆာန်လေး တွေမှာလည်း ကြင်နာသနားတတ်တဲ့ နှလုံးသားတွေကို ပိုင်ဆိုင်ထားကြတာကို မကြာ ခဏဆိုသလို လက်တွေ့မြင်တွေ့ရပါတယ်။ ခုဒီမှာလည်း ပိုလန်နိုင်ငံက မေတ္တာတရား ကြီးမားတဲ့ ကြောင်လေးတစ်ကောင်အကြောင်းပြောပြချင်ပါတယ်။
လမ်းမပေါ်မှာ စွန့်ပစ်ထားတဲ့ ကြောင်ထီးလေးတစ်ကောင်က သူ့ရဲ့နွေးထွေးတဲ့ အကြင်နာတရားနဲ့ နာမကျန်းဖြစ်နေတဲ့ အခြားတိရစ္ဆာန်ကောင်လေးတွေကို လိုက်လံပြု စုစောင့်ရှောက်ပေးနေပါတယ်။ မည်သူမျှ ခေါ်ယူမွေးစားမည့်သူမရှိတဲ့ ဒီသနားစရာ ကြောင်လေးရဲ့ကြီးမားတဲ့ မေတ္တာတရားနဲ့ အများအကျိုးတွေသယ်ပိုးနိုင်တာက ထူးခြား အံ့သြ ချီးကျူးဖွယ်ကောင်းပါတယ်။
လက်တလောမှာတော့ ယင်းကြောင်လေးကို တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကထိန်း သိမ်းစောင့်ရှောက်ထားပြီး ကြောင်လေးရဲ့ ထူးခြားချက်က ယင်းကြောင်လေးကနာတာ ရှည်နာမကျန်းဖြစ်နေ တဲ့ တိရစ္ဆာန်ကြောင်၊ခွေးလေးတွေ၊ ရောဂါဖြစ်နေတဲ့ကြောင်လေး တွေ၊ နလန်မထူနိုင်တဲ့ကြောင်လေး ခွေးလေးတွေနားကို သူ့အလိုလိုအနံ့ခံသွား ရောက်ပြီး သူ့ရဲ့ခန္ဓာကိုယ်နဲ့ အနွေးဓာတ်ပေး၊ ပွတ်သပ်ပေးကာ သူနာပြုသဖွယ်ပြုစု ပေးပါတယ်။
ယင်းသို့ပြုလုပ်ပြီးတဲ့နောက်မှာ ထိုတိရစ္ဆာန်လေးတွေကထူးခြားစွာပဲ ကျန်းမာလာ၊ နလန်ထူလာတာကို မြင်တွေ့ရတာပဲဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့်လဲ အဲ့ဒီဂေဟာသို့ တိရစ္ဆာန်ဆေးကုဖို့ လာရောက်ကြသူအများအပြားရှိပြီး အပြုအစုတော်တဲ့ ဒီကြောင် လေးအကြောင်းကို ကမ္ဘာ့သတင်းစာမျက်နှာမှာဖော်ပြလာသည်အထိ ကျော်ကြားလာခဲ့ တာပဲဖြစ်ပါတယ်။
ဖိုးသူတော်
Sign up here with your email
ConversionConversion EmoticonEmoticon