ဘီဘီစီသတင်းဌာနရဲ့ သတင်းမရှိတဲ့ သမိုင်းထဲကနေ့ရက်တစ်ရက်


သမိုင်းထဲက ထူးထူးခြားခြားဖြစ်ခဲ့တဲ့ နေ့ရက်တစ်ရက်အကြောင်းဖော်ပြချင်ပါတယ်။ လန်ဒန်အခြေစိုက် ဘီဘီစီရေဒီယိုသတင်းစဉ်တွေကို နားတောသဆင်တဲ့ ကျွန်တော်တို့ လို ပြည်သူတွေအတွက် ဒီကနေ့ ၁၉၃၀ ခုနှစ် ဧပြီလ ၁၈ ရက် က အရင်နေ့တွေနဲ့မ တူပါဘူး။ ကမ္ဘာပေါ်မှာဖြစ်ပျက်သမျှသော ဖြစ်စဉ်အကြောင်းအရာကုန်စင်ကို အချိန်နဲ့ တပြေးညီအသံလွှင့်တင်ဆက်ပေးနေကျဖြစ်တဲ့ ဘီဘီစီက အဲ့ဒီနေ့မှာထူးထူးခြားခြားပဲ ဘာသတင်းမှထုတ်လွှင့်စရာမရှိဘူးလို့ အစီရင်ခံခဲ့တာပဲဖြစ်ပါတယ်။

ဘီဘီစီက တကယ်ပဲ အဲ့ဒီ့နေ့ရဲ့ သောကြာနေ့ ညနေပိုင်းသတင်းတင်ဆက်မှုအတွက် ဘာသတင်း တင်ဆက်မှုမရှိကြောင်းကို အစီအစဉ်တင်ဆက်သူက ပြောကြားသွားခဲ့ အပြီးမှာ လေလှိုင်းပရိတ်သတ်တွေကို တောင်းပန်အစီ ရင်ခံထားခဲ့ပြီး လေလှိုင်းကနေပဲ စန္ဒရားတီးခတ်သံတီးလုံးကိုပဲ ဖွင့်ပေးထားခဲ့ပါတယ်။

ကမ္ဘာတစ်လွှားကနေရာအနှံ့ကို သတင်းလိုက်သူ၊ သတင်းတင်ဆက်သူတွေ ဖြန့်ကျက် စေလွှတ်ထားပြီး အချိန်နဲ့အမျှသတင်းဦး၊ သတင်းထူးအများအပြားကို သတင်းပေးတင် ဆက်ပေးပြီး ဝန်ထမ်းအင်အားတောင့်တင်းတဲ့ ဘီဘီစီသတင်းဌာနအနေနဲ့ ယင်းသို့တင် ဆက်စရာသတင်းနဲ့အစီအစဉ် ဘာမှမရှိခဲ့တာက လေလှိုင်းပရိတ်သတ်တွေကိုအံ့သြစေ ခဲ့ကာ စိတ်ဝင်စားမှုများဖြစ်စေခဲ့ပြီး ဘီဘီစီသတင်းဌာနရဲ့သမိုင်းမှတ်တိုင်မှာလည်း ပြောစရမှတ်ကျန်ရစ်ခဲ့တဲ့ နေ့ရက်တစ်ရက်လည်း
ဖြစ်သွားခဲ့ပါတယ်။

ဖိုးသူတော်
Previous
Next Post »
Powered by Blogger.