တရုတ်နိုင်ငံမှာ ရှိတဲ့ အထက်တန်း ကျောင်းတစ်ကျောင်းဟာ ကျောင်းသားတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေလို့ မရအောင် ကျောင်းဆောင် ၀ရန်တာတွေမှာ သံပန်းတွေ အပြည့် တပ်ဆင်ထားမှု ပြုလုပ် ထားကြောင်း သိရှိရပါတယ်။ ဟန်ဆီမြို့မှာ ရှိတဲ့ ဒီကျောင်းဟာ နာမည်ကျော် ကျောင်း တစ်ကျောင်း ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ကျောင်းတွေ ထဲမှာ အပါအ၀င် ဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ (၆) လတာ ကာလ အတွင်းမှာ ကျောင်းသား နှစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားခဲ့တာမို့ ဒီလိုမျိုး ထပ်မဖြစ်ပွားအောင် ကျောင်းဆောင် ၀ရန်တာတွေမှာ သံပန်းတွေ တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကျောင်းမှာ တာဝန် ထမ်းဆောင်နေတဲ့ ကျောင်းဆရာ တစ်ဦးက တော့ ကျောင်းသားတွေရဲ့ အသက် အန္တရာယ်ကို စိုးရိမ်တာမို့ ဒီလိုမျိုး ပြုလုပ်ခဲ့ ရခြင်း ဖြစ်ကြောင်း ပြောကြားသွားခဲ့ ပါတယ်။ ဒီကျောင်းဟာ စစ်တပ်က စည်းမျဉ်းတွေ ပုံစံအတိုင်း အုပ်ချုပ်နေတာ ဖြစ်ပါတယ်။
ကျောင်းသား တွေဟာ ပြင်းထန်တဲ့လေ့ကျင့်မှုတွေ ပြုလုပ်နေရ ပါတယ်။ နံနက်စောစော ထရတဲ့ အပြင် တစ်ချိန်လုံး စာကိုသာ ပြုလုပ်နေရတာမို့ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်စေခဲ့ တယ်။ ဒါပေမဲ့ တရုတ် နိုင်ငံရှိ ကျောင်းသားမိဘတွေကတော့ သူတို့ရဲ့ သားသမီးတွေကို ပညာတတ်တွေဖြစ် လိုတာကြောင့် အောင်ချက် ကောင်းတဲ့ ဒီကျောင်းမှာ ပဲ ထားလေ့ရှိပါတယ်။ ဒါပေမဲ့ ကျောင်းသား အများစုဟာ ပြင်းထန်တဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကြောင့် မပျော်မရွှင် ဖြစ်နေရတယ် လို့ ဆိုပါတယ်။ ကျောင်း တာဝန်ရှိသူတွေက တော့ မလိုလားတဲ့ ပြဿနာတွေ မဖြစ်ပေါ်လာဖို့ အကောင်းဆုံး နည်းလမ်းတွေနဲ့ ဟန့်တားနိုင်အောင် စီစဉ် ထားပါတယ်။
messenger
Sign up here with your email
ConversionConversion EmoticonEmoticon