ယခုနှစ်တွင်ဖြေဆို ထားသော တက္ကသိုလ်ဝင်တန်းအောင် စာရင်းကို ဇွန်လဆန်း အတွင်းတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
၂ဝ၁၄-၂ဝ၁၅ပညာသင်နှစ် အတွက်တက္ကသိုလ်ဝင်တန်းအောင် စာရင်းကိုဇွန်လအတွင်း၌ ထုတ်ပြန် ပေးသွားမည်ဖြစ်ပြီး ဖြေဆိုထားသော ကျောင်းသား၊ ကျောင်းသူများအနေ ဖြင့် မိမိတို့ဖြေဆိုခဲ့ကြသော စာစစ် ဌာနများတွင် သွားရောက်ကြည့်ရှုရ မည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ဖြေဆို ထားသော အဖြေလွှာများစစ်ဆေး ခြင်းကိုလည်း ဆောင်ရွက်ပြီးစီးသွား ပြီဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်အ ဖွဲ့ဦးစီးဌာနမှ သိရသည်။
''အပြောင်းအလဲတော့ မရှိပါ ဘူး။ အောင်စာရင်းကိုအရင်နှစ်အ တိုင်း ၆လပိုင်းအစလောက်မှာ ထုတ် ပြန်ပေးပါလိမ့်မယ်။ အဖြေလွှာတွေ အားလုံးနီးပါးတော့ စစ်ဆေးပြီးသွား ပြီလို့တော့ ဆရာတို့ကြားတယ်။ အဲ ဒါကြောင့် သက်ဆိုင်ရာစာစစ်မှူး တွေ၊ စာစစ်မှူးချုပ်တွေ၊ ပါမောက္ခ ချုပ်တွေနဲ့အပြီးသတ်ဘုတ်ထိုင်ပြီး အောင်စာရင်း အချောသတ်နိုင်ဖို့အ တွက်ပဲရှိတော့တယ်။ အောင်ချက် ဘယ်လိုရှိတယ်ကတော့ ပြောလို့မရ သေးပါဘူး။ စာရင်းတွေ ဆရာတို့ ဆီတက်မလာသေးလို့ပါ''ဟု မြန်မာ နိုင်ငံစာစစ်အဖွဲ့ဦးစီးဌာနမှ အရာ ရှိတစ်ဦးက ပြောကြားသည်။
ယခုနှစ်တွင် တက္ကသိုလ်ဝင် တန်းကို တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ကျောင်းသား၊ ကျောင်းသူ စုစု ပေါင်းခြောက်သိန်းကျော်ဝင်ရောက် ဖြေဆိုခဲ့ပြီး တစ်နိုင်ငံလုံးမေးခွန်းတစ် စုံသာမေးမြန်းခဲ့ကာ နိုင်ငံခြားစာစစ် ဌာနအတွက် မေးခွန်းတစ်စုံနှင့်အရန် တစ်စုံသာထားရှိခဲ့ကြောင်း သိရသည်။
''လက်ရှိအချိန်မှာ အွန်လိုင်း တွေကနေ သြိနမအေငသည အမှတ် တွေကို ဘယ်ဘာသာဘယ်လောက် ဆိုတာပြောနေကြတာတွေကို ဆရာ တို့လဲ သိရပါတယ်။ ဒါတွေကို အ တည်ပြုလို့မရပါဘူး။ အအောင် များတယ်၊ နည်းတယ်ဆိုတာတွေကို လဲပြောလို့မရပါဘူး။ အောင်စာရင်း ထွက်မှသာ စာရင်းတွေပြုစုထုတ် ပြန်ရမှာတွေဖြစ်ပါတယ်''ဟု ယင်း က ဆက်လက်ပြောသည်။
၂ဝ၁၃-၂ဝ၁၄ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင်တန်းကို တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်း သား၊ ကျောင်းသူ၅၄၁၉၄၆ဦးဖြေ ဆိုခဲ့ပြီး၊ အောင်မြင်သူ ၁၇၁၆၄၇ဦး ရှိခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၁ ဒသမ ၆၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
ATK - ဒီမိုကရေစီတူဒေး
Sign up here with your email
ConversionConversion EmoticonEmoticon