အသက် (၃၉) နှစ်အရွယ် အမျိုးသမီး တစ်ဦးဟာ ကိုယ်ဝန် ခုနစ်လ လွယ်ထားပေမယ့် ပြင်းထန်တဲ့ ကာယလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ ကစ်ဂျာဟာ ပထမဆုံးရင်သွေး ဖြစ်ပေမယ့်စိုးရိမ်ပူပန်မှုမရှိဘဲ ပြင်းထန်တဲ့ လေ့ကျင့်ခန်း တွေကို ပြုလုပ် နေဆဲ ဖြစ်ပါတယ်။
ကစ်ဂျာဟာ တစ်ပတ်ကို (၁၂)နာရီ လေ့ကျင့်မှုတွေ ပြုလုပ်လေ့ရှိ ပါတယ်။ ကီလို (၁၀၀)ရှိတဲ့ အလေးချိန်ကို မပြခြင်း၊ အခြား ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ တာကြောင့် မြင်ရသူတွေ အတွက် စိုးရိမ်ထိတ်လန့်ခဲ့ ပေမယ့် ကာယကံရှင် ဖြစ်တဲ့ ကစ်ဂျာ ကတော့ ဘာကိုမျှ တုန်လှုပ်နေခြင်း မရှိပါဘူး။ ကစ်ဂျာက သူဟာ ကိုယ်ဝန်ဆောင်စဉ် ကတည်းက လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ ပြင်ဆင် လေ့လာမှုတွေ စနစ်တကျ ပြုလုပ် ထားကြောင်း ဟြေကြားခဲ့ ပါတယ်။
သင့်လျော်တဲ့ လေ့ကျင့် ခန်းတွေ ပြုလုပ်ခြင်းဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အတွက် အလွန်ကောင်းမွန် ကြောင်း ကစ်ဂျာက ဆိုခဲ့ပါတယ်။ အမေရိကန် နဲ့ အနောက်နိုင်ငံတွေ မှာတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ကာယ လေ့ကျင့်မှုတွေ ပြုလုပ်နေ ကြပေမယ့် ဆရာဝန်တွေရဲ့ အကြံပြု မှုတွေကို လိုက်နာ ဆောင်ရွက်နေ ရတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့ ကာယ လေ့ကျင့်မှုတွေကြောင့် ကလေးငယ်ကို ထိခိုက်ခြင်း မရှိဘဲ ကျန်းမာစွာ မွေးဖွားနိုင်တဲ့ သာဓကတွေ အများကြီး ရှိကြောင်း သိရပါတယ်။
messenger
Sign up here with your email
ConversionConversion EmoticonEmoticon