ချိုင်းမည်းခြင်းက သာမန် အသားအရေ ဆိုင်ရာ ပြဿနာ တစ်ခုပါ။ ဒီစိတ်အနှောင့်အယှက် ဖြစ်စရာ ပြဿနာလေး အတွက် လွယ်လွယ်ကူကူ ဖြေရှင်းနည်းတွေကို စမ်းကြည့် လိုက်ရအောင်။
၁။ အာလူး
အာလူးမှာ ပါဝင်တဲ့ အပျော့စား အက်ဆစ်ဓာတ်က သဘာဝ ဂျီးချွတ် ဆေးတစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင်
အရေပြား ပြဿနာ မဖြစ်စေပါဘူး။
- အာလူးကို ခပ်ပါးပါးလှီးပြီး ချိုင်းကိုပွတ်ပါ။
- သို့မဟုတ် အာလူးကို အရည်ညှစ်ပြီး မည်းနေတဲ့ နေရာကို လိမ်းပါ။ ထို့နောက် (၁၅-၂၀) မိနစ်ထား
- အာလူးကို ခပ်ပါးပါးလှီးပြီး ချိုင်းကိုပွတ်ပါ။
- သို့မဟုတ် အာလူးကို အရည်ညှစ်ပြီး မည်းနေတဲ့ နေရာကို လိမ်းပါ။ ထို့နောက် (၁၅-၂၀) မိနစ်ထား
ပြီးနောက် ကြက်သီးနွေးရေနှင့် ဆေးပါ။
- ထိုနည်းအတိုင်း တစ်နေ့ နှစ်ကြိမ် လုပ်ဆောင်ပါက ပိုထိရောက်မှု ရှိပါတယ်။
၂။ သခွားသီး
အာလူးလိုပဲ သခွားသီး တွင်လည်း သဘာဝ ဂျီးချွတ်ဓာတ်ရှိပြီး အသားအရေကို ၀င်းလက် စေပါတယ်။
- သခွားသီးကို ခပ်ပါးပါး လှီးတာပဲဖြစ်ဖြစ် သခွားသီး အရည်ကိုပဲ ဖြစ်ဖြစ် ချိုင်းမည်းနေသည့် နေရာကို လိမ်းပါ။ တစ်နေ့လျှင် နှစ်ကြိမ် လုပ်ဆောင်ပါ။
- နောက်တစ်နည်း ကတော့ သခွားသီးရည်၊ နနွင်းမှုန့် အနည်းငယ်နဲ့ ရှောက်ရည်ကို ရောပြီး လိမ်းတာပဲ

ဖြစ်ပါတယ်။ ထိုသို့ လိမ်းပြီးနောက် မိနစ် (၃၀) ခန့်ထား ပြီးနောက် ရေဆေးချပါ။ ထိုနည်းကို တစ်နေ့တစ်
ကြိမ် လုပ်ပါ။
၃။ ရှောက်သီး
ရှောက်သီးက သဘာဝ ဂျီးချွတ်ဆေးဖြစ်တဲ့ အပြင် ဘတ်တီးရီးယား ကာကွယ် ပေးနိုင်ပါတယ်။ ဒါကြောင့်
၃။ ရှောက်သီး
ရှောက်သီးက သဘာဝ ဂျီးချွတ်ဆေးဖြစ်တဲ့ အပြင် ဘတ်တီးရီးယား ကာကွယ် ပေးနိုင်ပါတယ်။ ဒါကြောင့်
လည်း ရှောက်သီးကို အရေပြားဆိုင်ရာ အလှအပ အတွက် အသုံးများကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရှောက်သီးက အသားအရေ ခြောက်စေတတ်တာမို့ သူ့ကိုအသုံးပြုပြီး နောက်မှာ အစိုဓာတ်ထိန်း ခရင်မ်လိမ်းဖို့
တော့ မမေ့ပါနဲ့။
- ရှောက်သီး စိတ်ဖြင့် ချိုင်းကို မိနစ် အနည်းငယ်ကြာ ပွတ်တိုက်ပါ။ ထို့နောက် (၁၀) မိနစ် ခန့်ထားပြီး
- ရှောက်သီး စိတ်ဖြင့် ချိုင်းကို မိနစ် အနည်းငယ်ကြာ ပွတ်တိုက်ပါ။ ထို့နောက် (၁၀) မိနစ် ခန့်ထားပြီး
ရေဆေးပါ။ ပိုပြီး ထိရောက်မှု ရှိစေချင်လျှင် ရှောက်သီးစိတ်ကို သကြားဖြူးပြီး ဂျီးချွတ်ပါ။
- နောက်တစ်နည်း ကတော့ နနွင်းမှုန့် အနည်းငယ်၊ ပျားရည် (သို့) ဒိန်ချဉ်ကို ရှောက်ရည်နဲ့ ရောပြီး လိမ်း
- နောက်တစ်နည်း ကတော့ နနွင်းမှုန့် အနည်းငယ်၊ ပျားရည် (သို့) ဒိန်ချဉ်ကို ရှောက်ရည်နဲ့ ရောပြီး လိမ်း
ပေးတာပဲ ဖြစ်ပါတယ်။ (၁၀) မိနစ် ခန့်ထားပြီးနောက် ရေဆေးပါ။ ထိုနည်းကို တစ်ပတ်မှာ နှစ်ကြိမ်၊ သုံး
ကြိမ် လုပ်ဆောင်ပါ။
၎။ အုန်းဆီ
အုန်းဆီမှာ Vitamin-E ပါတာကြောင့် ချိုင်းမည်းတာကို သက်သာ စေပါတယ်။
- ချိုင်းကို အုန်းဆီနဲ့ နှိပ်နယ်ပေးပါ။
- (၁၀-၁၅) မိနစ်လောက် ထားပါ။
- ဆပ်ပြာ (သို့) ရေဖြင့်ဆေးပါ။
- နည်းကို တစ်နေ့ (၂-၃) ကြိမ်လုပ်ပါ။
Messenger

Sign up here with your email
ConversionConversion EmoticonEmoticon