Younis al-Mauritani ဟာ ၾသစေၾတးလ်၊ အမေရိကန်နဲ့ ဥရောပကို တိုက်ခိုက်ဖို့ စီစဉ်တဲ့ Al Qaeda ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။ (Credit: Reuters) |
Younis al-Mauritani ဆိုတဲ့ ခေါင်းဆောင်ဟာ သြစတြေးလျနိုင်ငံ၊ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေမှာ အ
ကြမ်းဖက် တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေသူ ဖြစ်တယ်လို့ သိရပါတယ်။
သူ့ကို ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းက Quetta မြို့မှာ ၂၀၁၁ ခုနှစ်က ဖမ်းမိခဲ့တာ ဖြစ်ပြီး ဂျီဟတ်

ဒစ် အရာရှိ နှစ်ယောက်နဲ့အတူ ဖမ်းမိခဲ့တာပါ။
အမေရိကန်နဲ့ ပါကစ္စတန် ထောက်လှမ်းရေးတပ်တွေရဲ့ ပူးပေါင်းမှုကြောင့် အဲဒီ အကြမ်းဖက် ခေါင်းဆောင်

တွေကို ဖမ်းမိခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ သူ့ကို Mauritania နိုင်ငံဆီ ပြန်ပို့ပြီး တရားစီရင်ခဲ့ရာကတနင်္လာနေ့တုန်းကပဲ ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တာ ဖြစ်ပါတယ်။
Younis al-Mauritani ကို Al Qaeda ခေါင်းဆောင်ဟောင်း အိုဆာမာ ဘင်လာဒင်က အမေရိကန်၊

သြစတြေးလျနဲ့ ဥရောပ နိုင်ငံက စီးပွားရေးတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု လုပ်ဖို့ ညွန်ကြားခဲ့တယ်လို့ လည်း ဆိုပါတယ်။
အမေရိကန်နိုင်ငံနဲ့ ဆက်စပ်မှု ရှိတဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းတွေကို ဖျက်ဆီးဖို့၊ ရေအားလျှပ်

စစ်ပေးတဲ့ ရေလှောင်ကန်တွေကို ဖျက်ဆီးဖို့နဲ့ ရေနံတွေ သယ်ဆောင်လာတဲ့ သင်္ဘောတွေကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့တာလို့ ပြောပါတယ်။
Mauritania နိုင်ငံဟာ အာဖရိကတိုက် အနောက်မြောက်ပိုင်းမှာ တည်ရှိပြီး အိမ်နီးချင်းနိုင်ငံတွေကတော့ ဂီနီနိုင်ငံ၊ အယ်လ်ဂျီးရီးယားနိုင်ငံ၊ မာလီ နိုင်ငံ စသည်တို့ ဖြစ်ကြပါတယ်။
လူဦးရေ ၄ သန်းတောင် မရှိတဲ့ နိုင်ငံငယ်လည်း ဖြစ်ပါတယ်။
ABC Radio Australia

Sign up here with your email
ConversionConversion EmoticonEmoticon