iPhone 6 ဖန်သားပြင် အကြမ်းခံခြင်းအား လက်တွေ့စမ်းသပ်မှု


၎.၇ လက်မ အရွယ်ရှိတဲ့ iPhone ရဲ့ ဖန်သား မျက်နှာပြင်ဟာ Sapphire Crystal Display ဖြစ်ပြီး သူဟာ တော်ရုံနဲ့ ခြစ်ရာ၊ ထင်ရာ မထင်တဲ့ ဖန်သားပြင် ဖြစ်ပါတယ်။ ဒါ့အပြင် ကွဲဖို့လည်း ခဲယဉ်း ပါတယ်။ ဒီလို ပြောလို့ တော်ရုံ မကွဲဘူး မကြိုးဘူးလို့တော့ မဆိုလို ပါဘူး။ သို့ပေမယ့် MKBDH အမည်ရတဲ့ YouTube Channel ဟာ ၂၀၁၄ ဇူလိုင်လက iPhone ရဲ့ ဖန်သား မျက်နှာပြင်ကို ခွာထုတ်ပြီး လက်တွေ့ စမ်းသပ်ပြခဲ့ ပါတယ်။

ပုံမှာ မြင်တွေ့ရသလို ပါပဲ။ ဓားနဲ့ ခြစ်ပါတယ်။ သော့နဲ့လည်း အကြိမ်ကြိမ် ပွတ်ပြ ပါတယ်။ ပြီးတော့ ဖိ နပ်အောက်ခြေမှာထားပြီး ကော့ပြတာတို့ ပြုလုပ်ပြီး လုံးဝကို အစွန်းထင်ရာ၊ ကွဲရာ၊ ကွေးရာများ မတွေ့ တာကြောင့် iPhone 6 ရဲ့ ဖန်သားပြင်အပေါ် လူကြိုက်များခဲ့ ပါတယ်။ Sapphire Crystal Display ဆိုတာ လက်ရှိ ကမ္ဘာ့ ဈေးအကြီးဆုံး ဖန်သား မျက်နှာပြင် အမျိုးအစား ထဲမှာ ပါဝင်ပြီး စာရွက်တစ်ရွက်ရဲ့ အထူ
လောက်ပဲ ရှိပါတယ်။



yoyarlay
Previous
Next Post »
Powered by Blogger.