အမေရိကန် ပြည်ထောင်စု၊ ဗာဂျီးနီးယား ပြည်နယ်မှာ ထူးခြားတဲ့ ဖြစ်ရပ် တစ်ခု ပေါ်ပေါက်ခဲ့ ပါတယ်။ အဲဒါကတော့ ရှာလွန်ဒါ အမည်ရ အမျိုးသမီး တစ်ဦးဟာ နောက်ဆုံးမွေးခဲ့တဲ့ သားသုံးဦးစလုံး မွေးရက် တူညီနေခြင်း ဖြစ်ပါတယ်။ ရှာလွန်ဒါမှာ အသက်(၈) ရက်၊ (၁)နှစ်၊ (၂) နှစ်အရွယ် စတဲ့ သားသုံးဦး ရှိပါ တယ်။ သားသုံးဦးကို မမွေးခင်မှာ သမီးသုံးဦး ကိုလည်း ပိုင်ဆိုင်ထား ပါတယ်။ ထူးခြားတာက သားသုံးဦး ကို မွေးခဲ့ရာမှာ မွေးရက် တူညီခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ဆုံး မွေးခဲ့တဲ့ သားသုံးဦးစလုံးကို မတ်လ(၁၃) ရက်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
ထရီ၊ ဆန်တာနာ၊ ဟာလန်း အမည်ရ သားသုံးဦးဟာ မတ်လ (၁၃)ရက်မှာ မွေးခဲ့တာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ သုံးနှစ် အတွင်း မွေးဖွားခဲ့တာဖြစ်တယ် လို့ ဆိုထားပါတယ်။ အသက် (၂) နှစ်ရှိပြီ ဖြစ်တဲ့ ထရီကို ၂၀၁၃ ခုနှစ်၊ မတ် (၁၃)ရက်နေ့မှာ စတင် မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်၊ မတ်(၁၃)ရက် နေ့မှာ ဆန်တာ နာကို မွေးဖွားခဲ့ပါတယ်။ ဒီနှစ် မတ်(၁၃) ရက်နေ့မှာလည်း ဟာလန်ကို ထပ်မံ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ညီအစ်ကို သုံးဦးစလုံး မွေးရက် တွေ တူညီနေ ခြင်းဟာ ထူးခြားတဲ့ တိုက်ဆိုင်မှုလို့ ဆိုရမှာ ဖြစ်ပါတယ်။ မိခင်ဖြစ်သူ ရှာလွန်ဒါက ကျွန်မအနေနဲ့ သမီးသုံးဦး မွေးပြီးတဲ့နောက် သားတွေကို ရခဲ့တာ ဖြစ်ပါတယ်။ ကျွန်မသားတွေ အားလုံးဟာ မွေးရက်တွေ အားလုံး တူညီနေကြ ပါတယ် လို့ ပြောကြားသွားခဲ့ ပါတယ်။
messenger
Sign up here with your email
ConversionConversion EmoticonEmoticon