နိုင်ငံတော်အရေးပေါ်စီမံချက် အက်ဥပဒေပုဒ်မနဲ့ ၄ ရက်ကြာ မုံရွာအကျဉ်းထောင်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ အလွတ်ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးက သူ့ကို အခုလိုခေါ်ယူစစ်ဆေးမေးမြန်းခဲ့တာ ဟာ နောက်ကွယ်မှာ တခြားအကြောင်းရင်းရှိလိမ့်မယ် လို့ ပြောပါတယ်။
ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ကိုအောင်နေမျိုး က ပြောကြားခဲ့တာပါ။
“ကျနော့်ထက် ပွက်လောရိုက်အောင် တင်နေကြတဲ့သူတွေလည်း တပုံကြီ၊ Profile အတုတွေနဲ့ တင်တဲ့ လူတွေလည်းရှိတယ်၊ Profile အစစ်တွေနဲ့ ပွက်လောရိုက်အောင် ဆဲဆိုတင်နေကြတဲ့သူတွေလည်း အများ ကြီး၊ ဒီလိုမျိုးတင်နေကြတဲ့သူတွေထဲမှာ ထင်ပေါ်ကျော်ကြားတဲ့ လူတွေထဲကလည်း ရှိနေကြတာပဲ၊ ကျနော့် ကျမှ ဘာလို့လုပ်ရသလဲဆိုတာ တခြားအကြောင်းတစ်ခုခုကြောင့်များလား၊ ရမယ်ရှာတာလား၊ ဒါမှမဟုတ် မီဒီယာအသိုင်းအဝိုင်းတစ်ခုခုကိုပဲ နည်းနည်းလှန့်ချင်လို့လား၊ အဲ့လိုမျိုးလည်းဖြစ်ရင်ဖြစ်မှာပေါ့နော်”
ကွမ်လုံရက် ၄၀ တိုက်ပွဲ ရုပ်ရှင်ပိုစတာကို တခြားရေးသားတင်ပြထားသူတစ်ဦးက ဖေ့စ်ဘွတ်မှာတင် ထားတာကို ကိုအောင်နေမျိုးက ထပ်ဆင့်ဝေမျှပြီး တင်ထားခဲ့တာဖြစ်ပါတယ်။
အဲဒီရုပ်ရှင်ပိုစတာမှာ အစိုးရထိပ်တန်းခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေကို ထည့်သွင်းထားတာဖြစ်တဲ့ အတွက် နိုင်ငံတော်အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ ၅(က)(င) တို့နဲ့ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
ကိုအောင်နေမျိုးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ရက်နေ့က မုံရွာမြို့က သူ့ရဲ့နေအိမ်မှာ သတင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး မုံရွာအကျဉ်းထောင်ကနေ မနေ့က ပြန်လည်လွှတ်ပေးစဉ်မှာ သူ့ကိုတရားစွဲထားတဲ့ ပုဒ်မတွေကို ပယ်ဖျက်လိုက်တယ်လို့လည်း သိရပါတယ်။
RFA
Sign up here with your email
ConversionConversion EmoticonEmoticon