ရန်ကုန်မြို့လယ် ကျောင်းသားဆန္ဒပြပွဲ အကြမ်းဖက် ဖြိုခွင်းခံရပြီး ၇ ဦး အဖမ်းခံရ


အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ချီတက်ဆန္ဒပြနေသော ကျောင်းသားသပိတ်စစ်ကြောင်း လက်ပံ တန်းတွင် တား ဆီး ပိတ်ဆို့ထားခြင်းကို ကန့်ကွက်သည့်အနေဖြင့် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ကျောင်း သားများနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတချို့ ဆန္ဒပြခဲ့ရာ ယင်းဆန္ဒပြမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုး ရက အကြမ်းဖက်ဖြိုခွင်းလိုက်ပြီး အနည်းဆုံး ၇ ဦးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ရဲတပ်ဖွဲ့နှင့် တာဝန်ဆိုသော လက်ပတ်နီဝတ် အရပ်သားများ၏ ရိုက်နှက်ဖမ်း ဆီး ခေါ် ဆောင် သွားခြင်း ခံရသူများတွင် ၈၈ မျိုး ဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မနီလာသိန်း၊ မနုနုအောင်၊ ကိုမျိုးသန့် အပါ အ၀င် ၇ ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ကျနော်တို့ လူတွေ ဘယ်သူတွေ ပါသွားတယ်ဆိုတာ သိရအောင် အခုစုံစမ်းနေပါတယ်။ ကျနော်တို့ အဲဒီကို သွားနေ ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘာဆက်လုပ်ရမလဲ ဆိုတာကို အခု အစည်းအဝေး လုပ်ပြီး ဆုံးဖြတ် မှာပါ” ဟု ဒီမိုကရေစီ ပညာရေး ဦးဆောင်ကော်မတီမှ ကိုပိုင်ရဲသူက ပြောသည်။

ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြပွဲကို ဖြိုခွင်းရာတွင် ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်၊ တာဝန်ဆိုသော အနီရောင် လက် ပတ် ၀တ်ဆင်ပြီး တုတ်ကိုင်ဆောင်ထားသော အရပ်သား ၁၀၀ ခန့် ပါဝင်ကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များက နာရီဝက် အတွင်း လူစုခွဲ ထွက်ခွာရန်နှင့် မထွက်ခွာလျှင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇၊ ၁၂၈ အရ အကြမ်းဖက် ဖြိုခွင်း သွားမည်ဟု သတိပေးကြေညာခဲ့ကြောင်း၊ ယင်းနောက် လက်ပတ်နီဝတ် အရပ်သားများက ဆန္ဒပြသူများကို ဦးစွာ ၀င်ရောက်ထိုးကြိတ်ခဲ့ကြောင်း သိရှိရသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း ရန်ကုန်မြို့လယ် ဆန္ဒပြပွဲ အကြမ်းဖက် ဖြိုခွင်းခံရမှုနှင့် ပတ်သက်၍ အရေးပေါ်သတင်းစာရှင်းလင်းပွဲတရပ်ကျင်းပရန် ရှိကြောင်း သိရှိရသည်။

လက်ပံတန်းမြို့တွင် တားဆီးခံရသော ကျောင်းသားသပိတ်စစ်ကြောင်းမှာလည်း ဆက်လက် တားဆီးခံ ထားရပြီး အခြေ အနေမှာ ဆက်လက် တင်းမာနေဆဲဖြစ်ကြောင်း သိရှိရသည်။

ကျောင်းသားများ ဆန္ဒပြ တောင်းဆိုနေသော အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး နှင့်ပတ်သက်၍ နေပြည်တော်၊ အမျိုးသား လွှတ်တော်တွင် ယနေ့ ကြားနာပွဲ တခု ပြုလုပ်ခဲ့သော်လည်း ကျောင်းသားများ ဆွေးနွေးခြင်းမပြုဘဲ နေခဲ့ ကြောင်း သိရှိရသည်။

“ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီဝင် ကိုယ်စားလှယ်တွေ ဒီနေ့ အပြည့်အစုံ မတတ်
ရောက်နိုင်ဘူး။ ဘာဖြစ် လို့ လည်းဆိုရင် လက်ပံတန်းမှာ တားဆီးခံထားရတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် ကျနော်တို့လည်း ဒီပွဲကို ရောက် ရှိလာပေမယ့် ဆွေးနွေးလိုတဲ့ စိတ်ဆန္ဒမရှိပါဘူးလို့ ပြောပြီး ကျနော်တို့တွေ ပြန်ထွက်လာခဲ့ပါတယ်” ဟု ဒီမိုကရေစီ ပညာ ရေး ဦးဆောင်ကော်မတီဝင် ကိုပိုင်ရဲသူက ဆိုသည်။

ဧရာဝတီ



Previous
Next Post »
Powered by Blogger.