ပူပြင်းသည့်နွေရာသီတွင် ဦးနှောက်သွေးကြောပေါက်တတ်သည့်အတွက် မွေးရာပါသွေးကြောထုံးရောဂါရှိသူများ ပိုမိုသတိပြုနေထိုင်ရန်လို


ပူပြင်းသည့် နွေရာသီတွင် ဦးနှောက်သွေးကြော ပေါက်ခြင်းအဖြစ်များတတ်ရာ မွေး ရာပါသွေးကြောထုံးရော ဂါရှိသူများ ပိုမိုသတိပြုနေထိုင်ရန်လိုအပ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောခွဲစိတ် ဌာနမှ ဒေါက် တာမောင်မောင်အောင်က ပြော သည်။

''ဒီရာသီတွေမှာတော်တော် အဖြစ်များတယ်။ ဆရာ့အတွေ့အ ကြုံအရပေါ့။ အဓိက ဦးနှောက်သွေး ကြော
ပေါက်တာက သွေးတိုးလို့ဖြစ် တာ၊ သွေးဘာလို့တိုးလဲဆိုရင် လူ တစ်ဦးရဲ့အစားအသောက်အနေအ ထိုင်၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်းတွေမရှိတာ၊ နောက် မွေးရာပါ သွေးတိုးတာ၊ သွေးကြောမကောင်း တာ၊ မွေးရာပါသွေးကြောထုံးတဲ့ ရောဂါရှိတဲ့သူတွေက သွေးနည်းနည်း တိုးတာနဲ့မခံနိုင်ဘဲဖြစ်ကြတယ်''ဟု ဒေါက်တာမောင်မောင်အောင်က ဆိုသည်။

ဦးနှောက်သွေးကြောပေါက် ခြင်းသည် ပူပြင်းသည့်နွေရာသီနှင့် ဆောင်းရာသီတို့တွင်ပိုအဖြစ်များ ကြောင်း၊ သွေးကြောတွင် နံရံသုံး ထပ်ရှိသည့်အတွက် သာမန်သွေး တိုးခြင်းကိုခံနိုင်ရည်ရှိကြပြီး မွေး ရာပါသွေးကြော ထုံးသည့်ရောဂါရှိ သူများတွင်မူ သွေးကြောသည်နှစ် လွှာသာရှိသည့်အတွက် သာမန် သွေးတိုးခြင်းဖြင့် လည်းသွေးကြော ပေါက်ခြင်းများဖြစ်တတ်ကြောင်း၊ ယင်းရောဂါရှိသူများသည် အသက် ကြီးလာလေသွေး
ကြော၏ခံနိုင်ရည် အားမှာပိုနည်းလာလေဖြစ်ကြောင်း သိရသည်။

သွေးအတွင်းအဆီများခြင်း၊ သွေးကြောကျဉ်းခြင်းများဖြစ်ပါက သွေးကြောပေါက်ခြင်းပိုမိုဖြစ်နိုင် ကြောင်း၊ မွေးရာပါသွေးကြောထုံး ရောဂါရှိသူများသည် အသက် ၄ဝ၊ ၅ဝခန့်အရွယ်များတွင် ဦးနှောက် သွေးကြော
ပေါက်ခြင်းပိုမိုဖြစ်နိုင် ခြေရှိကြောင်း သိရသည်။

''အသက်ကြီးလာတဲ့အခါကျ ရင် သွေးနည်းနည်းတိုးတာနဲ့သွေး ပေါင်ချိန်တက်တာနဲ့မွေးရာပါသွေး ကြော ထုံးတာကမခံနိုင်တော့ဘဲ ပေါက် ထွက်သွားတာပေါ့။ အဲဒီလိုမဖြစ် အောင် အဓိကကတော့ သွေးမတိုး အောင်ဂရုစိုက်ရမယ်''ဟုဆိုသည်။

အဆိုပါ မွေးရာပါသွေးကြော ထုံးရောဂါရှိ မရှိကို များသောအား ဖြင့် အခြားသောရောဂါများကို စမ်းသပ်စစ်
ဆေးရာမှ တွေ့ရတတ်ကြောင်း၊ ယင်းရောဂါကိုကုသရာတွင် သောက် ဆေးတစ်မျိုးတည်းဖြင့်ကုသ၍ မရ နိုင်ဘဲ ခွဲစိတ်ကုသမှသာရနိုင်မည် ဖြစ်သည်။

''ခေါင်းထဲမှာ သွေးကြောထုံး ရှိနေတယ်ဆိုရင် အဲဒီသွေးကြော ထုံးကအချိန်မရွေးပေါက်သွားနိုင် တယ်။ အဲဒီတော့မပေါက်အောင် ဘယ်လိုလုပ်မလဲ။ သွေးမတိုးအောင် ထိန်းထားရမယ်။ သွေးကြောထဲမှာ အဆီမ ရှိအောင်ထိန်းထားရမယ်။ ဒါကတော့ သွေးတိုးရောဂါနဲ့ဆိုင် သွားပြီ။ အစားအသောက်အနေ အထိုင်ဆင်ခြင်မယ်၊ လေ့ကျင့်ခန်း လုပ်မယ်၊ အရက်သောက်တာကို လျှော့၊ ဖြစ်နိုင်ရင်မသောက်နဲ့၊ အဲဒါ တွေကိုဂရုစိုက်ရမယ်''ဟု ယင်းက ပြောသည်။

KTM - ဒီမိုကရေစီတူဒေး

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.