ဆေးရုံဝန်ထမ်းမဟုတ်သော ဆရာဝန် ၀င်ရောက်ခွဲစိတ်ခဲ့ရာမှ မွေးလူနာတဦး အသက်ဆုံးရှုံး


စလင်းမြို့နယ် ဆေးရုံတွင် မွေးလူနာတဦး နာရီပေါင်းများစွာ စောင့်ဆိုင်းစေခဲ့ပြီး အချိန်လွန်မှခွဲစိတ်မွေးဖွား
ပေး ခဲ့ရာမှ ထိုလူနာမှာ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရကြောင်း အသက်ဆုံး မိသားစုဝင်များ၏ ပြောကြား ချက်အရ သိရသည်။ စလင်းမြို့နယ် ဆင်ကျုံရွာမှ သေဆုံးသူ မမြင့်မြင့် အသက် (၃၄ နှစ်) သည် ဖေဖော်ဝါရီ လ ၂၀ ရက်နေ့ နံနက် ၇ နာရီတွင် ဆေးရုံရောက်ပြီး ည ၇ နာရီတွင်မှ ခွဲစိတ်ခန်းဝင်ခဲ့ရသည့်အပြင် ဆေးရုံ ၀န်ထမ်းမဟုတ်သူ ဆရာဝန်တဦးက ၀င်ရောက်ခွဲစိတ်ပေးခဲ့ပြီးနောက် လူနာအခြေအနေအရ မင်းဘူးဆေး ရုံသို့ ထပ်မံပို့သခဲ့ရာတွင် သေဆုံးသွားခဲ့ကြောင်း လူနာရှင် မိသားစုဝင်များ က ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြောကြားသည်။

အဆိုပါ စလင်းဆေးရုံတွင် တာဝန်ကျဆရာဝန်ကြီးမှာ ခွဲစိတ်ခြင်းမရှိဘဲ ယင်း ဆရာဝန်ကြီး၏ ခင်ပွန်းဖြစ်သူ အငြိမ်းစားဆရာဝန်ကသာ ၀င်ရောက်ခွဲစိတ်ပေးခြင်းများကို ပြုလုပ်နေသည်မှာ ကာလအတန်ကြာပြီ ဖြစ်
ကြောင်း၊ ယင်းအငြိမ်းစား ဆရာဝန်ကြီးမှာ မွေးလူနာများကို ခွဲစိတ်ရာတွင် အလွန်ကျွမ်းကျင်မှုရှိကြောင်း စလင်းပြည်သူ့ဆေးရုံတွင် မကြာခဏ သွေး လှူဒါန်းသူတဦးက ပြောသည်။ အငြိမ်းစားဆရာဝန်ကြီးမှာ လူနာများကို ခွဲစိတ်ခြင်းသာပြုလုပ်ပြီး ခွဲစိတ်သော အချိန် ၁၀ မိနစ်၊ ၁၅ မိနစ် အတွက် ငွေကျပ် ၇ သောင်း မှ ၁ သိန်း ပေးရကြောင်း၊ လူနာကို ပြန်လည်ချုပ်ပေးသောကိစ္စကို အခြားဆေးရုံဝန်ထမ်းများက ပြုလုပ်ပေးေ
ကြောင်း၊ စလင်းဆေးရုံတွင် မွေးလူနာတဦးကို သွားစောင့်ပေးခဲ့ဖူးသူ စလင်းမြို့ခံတဦးက ၎င်း၏ကိုယ် ပိုင်အတွေ့အကြုံကို ပြောပြသည်။

ဆရာဝန်များအနေဖြင့် ဆန္ဒရှိပါက ပြင်ပဆေးခန်းများတွင် ကိုယ်ပိုင်ဆေးကုသခွင့်ရှိကြောင်း၊ သို့ရာတွင် အစိုးရဆေးရုံ များတွင်မူ သက်ဆိုင်ရာဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ခန့်အပ်ထားသော ဆရာဝန်များမှအပ ပြင်ပဆရာဝန်များ ၀င်ရောက်ကုသခြင်း မပြုနိုင်ကြောင်း၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ရေးဆွဲရန် ကြားပင်မကြားမိသေးကြောင်း ပြည်သူ့လွှတ်တော် အခြေခံ ကျန်းမာရေးဥပဒေပြုကော်မတီဝင် ဒေါက်တာသန်းဝင်းက ပြောသည်။

စောကျော်ဝင်း - News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Previous
Next Post »
Powered by Blogger.