သန်း၅၀မှာ ၁ ဦးသာ ဖြစ်တဲ့ အသားကြီးထွားရောဂါ



ဗြိတိန်နိုင်ငံမှ Aidan လို့ အမည်ရတဲ့ လေးနှစ်သား ကလေးငယ်ဟာ Cloves Syndrome လို့ အမည်ရတဲ့ ရောဂါ ဝေဒနာကို ခံစားနရပါတယ်။ ယင်း ရောဂါ ဝေဒနာဟာ အသားပိုထွက်တဲ့ ရောဂါနဲ့လည်း မတူပါဘူး။ သူဟာ အသားများ ကြီးမားထွက်လာပြီး ယင်း အသားက အပိုအနေနဲ့ မဟုတ်ပဲ ခန္ဓာကိုယ်ရဲ့ အာဟာရ ဓာတ်ကို ထုတ်ယူစားသုံးနေတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခြင်းလို့ အကြမ်းဖျဉ်းမှတ်ယူနိုင်ပါတယ်။

ပုံမှာ မြင်တွေ့နေရတဲ့ ကလေးငယ်ဟာ ယင်း အစိတ်အပိုင်းကို တင်ပါးမှာ တစ်ခု ထွက်ပြီး မျက်နှာ ဘယ် ဘက်အခြမ်းနဲ့ ခြေထောက် ဘယ်ဘက်ဟာ တဖြည်းဖြည်းနဲ့ ကြီးထွားလာနေတာကို မြင်တွေ့ရ ပါတယ်။ မွေးဖွားစဉ်က သိပ်မထူးခြားပေမယ့် ၁ နှစ်ပြည့်ပြီးသွားချိန်မှ သိသိသာသာ ဖြစ်လာခြင်း ဖြစ်ပြီး သူက အခြေအနေ ဆိုးလာရင် အသက်ရှူလမ်းကြောင်းကို ပိတ်တာမျိုး၊ ကျောက်ကပ်ကို ကင်ဆာရောဂါ အမြစ် တည်စေတာမျိုးတို့ ဖြစ်စေကြောင်း ဆိုပါတယ်။ ကမ္ဘာမှာ ယင်း ရောဂါဖြစ်သူ သန်း ၅၀ ဝန်းကျင်သာ ရှိပြီး အင်မတန် ရှားပါတယ်။

သူ့ရောဂါကို ကုမယ်ဆိုရင် အစိတ်အပိုင်းများ ခွဲထုတ်ရမှာပါ။ ဒါကြောင့်မို့ ခွဲထုတ်ရင်လည်း အာရုံကြောအား ထိခိုက်စေမှုနဲ့ သွေးလမ်းကြောင်း ပေါက်မှုတို့ ဖြစ်နိုင်တာကြောင့် အသက်သေဖို့ လမ်းက ပိုနီးပါတယ်။ ဒါကြောင့်မို့ ကုလို့မရတော့တဲ့ ရောဂါတစ်ခုလို နီးပါးကို အများစုက အရှုံးပေး ထားတဲ့ ရောဂါ ဖြစ်ပါတယ်။ ကလေးအနေနဲ့ စကားမပြောနိုင်ပါဘူး။ သူ့ပါသူတော့ ကြိုးစား ပြုံးပြရှာပါတယ်။ သူ့အတွက် ကျောင်းကို ဗြိတိန်မှ မသန်စွမ်းကျောင်းတစ်ခုမှာ ထားထား ပါတယ်။ လမ်းလည်း မလျှောက်နိုင် ပါဘူး။

မျက်နှာကို ခွဲစိတ်ရင်လည်း မျက်စိကွယ်နိုင်ချေ ရှိကြောင်း ဆိုပါတယ်။ Aidan ရဲ့ ဖြစ်စဉ်ကို ဗြိတိန်နိုင်ငံ Channel 5 မှာ လွင့်ခဲ့ပြီး လက်တလော ဗြိတိန် ဆေးလောက သတင်းရပ်ဝန်းမှာ နာမည်ကြီးနေ ပါတယ်။

yoyarlay
Previous
Next Post »
Powered by Blogger.