စနေနေ့ကလည်း ကိုနန္ဒာစစ်အောင်ကို မိသားစုက လမ်းမတော်ရဲစခန်းမှာ ၁၀ မိနစ်နီးပါးတွေ့ခွင့်ရခဲ့တယ် လို့ ပြောပါတယ်။ သူ့ကို သပိတ်ကိစ္စတွေနဲ့ ပတ်သက် လို့ အမှုပေါင်း ၃၈ မှုလောက်ဖွင့်ထားတယ်လို့ ဖခင်ဖြစ်သူ ဦးဌေးက RFA ကိုပြောပါတယ်။
"ဒီ ၂ လပိုင်းကအပါအဝင် တချို့ကိစ္စတွေကသူ ဦးဆောင်တာမဟုတ်ဘူး၊ လူငယ်တွေ ဆောင်ရွက် ကြတာ၊ ဒါပေမယ့် သူ့နာမည်နဲ့ အကုန်အမှုဖွင့်ခံရ တာ၊ အားလုံးပေါင်း ၃၈ မှုလောက်ရှိ တယ်၊ နောက်ထပ် ဘယ်လောက်တိုးဦးမလဲ မသိဘူး"
ကိုနန္ဒာစစ်အောင်ဟာ ၂၀၀၃ ခုနှစ်ကလည်း ဗကသများအဖွဲ့ချုပ်ပြန်လည်ဖွဲ့စည်းဖို့ ကြိုးစားခဲ့တဲ့အတွက် ထောင်ဒဏ် အနှစ် ၂၀ အချခံရပြီး၊၂၀၁၂ ခုနှစ် မှာပြန်လွတ်ခဲ့တာ ဖြစ်ပါတယ်။ အခုလည်း ပင်မသပိတ် စစ်ကြောင်း ကိစ္စအတွက် ဝရမ်းထုတ်ခံရပြီး အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။
RFA Burmese
Sign up here with your email
ConversionConversion EmoticonEmoticon