ပဲခူးတိုင်း လက်ပံတန်းမြို့မှာ အစာငတ်ခံဆန္ဒပြနေကြတဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းက ကျောင်းသူ၊ ကျောင်းသားတွေတောင်းဆိုထားတဲ့ အချက် ၈ ချက် ကို ထောက်ခံကြောင်း လက်ပံတန်းမြို့ခံ နှစ်ရာနီး ပါးလောက်က ကျောင်းသား စစ်ကြောင်းကို ပိတ်ဆို့ထား တဲ့ လုံခြုံရေးတပ်ဖွဲ့တွေအနီးမှာ ဆန္ဒပြတောင်းဆိုလိုက် ပါတယ်။
သပိတ်စစ်ကြောင်းက ပဲခူးတိုင်းလုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးထံ တောင်းဆိုထားတဲ့ အချက် ၈ ချက် ကို ထောက်ခံတာဖြစ်ကြောင်းနဲ့ ကျောင်းသားတွေနဲ့ တွေ့ ဆုံခွင့် တောင်းဆိုတာဖြစ်ကြောင်း လက်ပံတန်းမြို့ခံ မကြည်ကြည် က ပြောပါတယ်။
“ကျမတို့တွေက ဒီ ၈ ချက်ကိုထောက်ခံ တယ်၊ ထောက်ခံတဲ့သူတွေက ကျောင်းသား၊ ကျောင်း သူတွေတွေ့ချင်တာ လုံးဝတွေ့လို့မရတော့ဘူး၊ ပိတ် လိုက်တဲ့ အတွက်ကြောင့်မို့လို့၊ အဲ့တော့ကျောင်းသူ၊ ကျောင်းသားတွေကိုပါထပ်တွေ့ချင်တယ်ဆိုတဲ့ တောင်း ဆိုချက်ထပ်တောင်းပြီးတော့ အခုကျမတို့ပြည် သူတွေက အပြင်ဖက်မှာ ကျမတို့အများကြီးဖြစ်နေပါတယ် “
သပိတ်မှောက်ကျောင်းသားတွေက လက်ပံတန်းမြို့ကနေ သာယာဝတီမြို့အထိ လမ်းလျှောက်ချီတက်ပြီး ရန်ကုန်အထိ ကားနဲ့ သွားခွင့်ပြုဖို့၊ ရန်ကုန်မြို့ရောက်တဲ့အခါ ရွှေတိဂုံဘုရား သို့မဟုတ် ရန်ကုန်တက္ကသိုလ် ဝင်းထဲက ကျောင်းသား သမဂ္ဂအဆောက်အဦးကို သွားရောက်ခွင့်ပြုဖို့စတဲ့ အချက် ၈ ချက်ကို တောင်းဆို ထားတာ ဖြစ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက သပိတ်စစ်ကြောင်းကို ပိတ်ဆို့ထားတာဖြစ်တဲ့အတွက် မြို့ခံတွေဟာ ကျောင်းသူ ကျောင်းသားတွေနဲ့လည်း တွေ့ခွင့်မရဘဲ အဲ့ဒီနေရာမှာ စစ်ကားတွေ၊ သံဆူးကြိုးတွေ ထပ်မံချထားလိုက်ပါ တယ်။
ဆန္ဒပြပွဲမှာ ပါဝင်တဲ့ လက်ပံတန်းမြို့ခံ မကြည်ကြည်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ အောင်မြေဗိမာန်ကျောင်းဝန်း အနီးမှာ အစာငတ်ခံ ထိုင်သပိတ် ဆန္ဒပြနေတဲ့ ကျောင်းသားတွေက သူတို့တောင်းဆိုချက်တွေကို လိုက်လျောတဲ့အထိ ဆက် လက် အစာငတ်ခံဆန္ဒပြ သွားမယ်လို့ ပြောပါတယ်။ ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် စုစည်းတင်ပြထားတာ နားဆင်နိုင် ပါတယ်။
Sign up here with your email
ConversionConversion EmoticonEmoticon