ထိုင်းနိုင်ငံချင်းမိုင်မှာ စစ်သားလို့ ဟန်ဆောင်ထားတဲ့ လူ ၄ ဦးကို မတ် ၁ ရက်က ဖမ်းဆီးခဲ့ပါတယ်။
စစ်တပ်ထဲဝင်ရောက်ဖို့ ကူညီမှာ ဖြစ်သလို ငွေပေးရင် ရာထူးရမယ်လို့ လူ ၇၀ ကျော်ကို လိမ်လည်ခဲ့ တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
ချင်းမိုင်မြို့လယ် ဟိုတယ်မှာ ရဲတွေက ဖမ်းဆီးခဲ့သလို စစ်သားဝတ်စုံနဲ့ ပစ္စတိုတလက်ကိုလည်း သူတို့ အခန်းမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ သံသယရှိတဲ့ သူ ၄ ဦးကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထားသူ ၄ ဦးက စစ်တပ်က အရာရှိတွေနဲ့ နီးစပ်သလို သူတို့နဲ့ခင်တဲ့ အရာရှိတွေက ရာထူးရအောင် ဖန်တီးပေးနိုင်တယ်လို့ လိမ်ခံရသူတွေက ပြောပါတယ်။
ရာထူးပေါ်မူတည်ပြီး ဘတ် ၇ သောင်းကနေ ၄ သိန်းအထိ လိမ်တဲ့သူတွေက တောင်းဆိုတယ်လို့လည်း သတင်းမှာ ရေးပါတယ်။ငွေပေးပြီးရင်တော့ သင်တန်းတက်ရောက်ဖို့ ပြောသလို သင်တန်းပြီးရင် ရာထူးရ မယ်လို့ လိမ်တဲ့သူတွေက ပြောတယ်လို့ ဆိုပါတယ်။
သင်တန်းတက်ရောက်ပြီးပြန်ရင်လည်း ရာထူးရဖို့အတွက် လိမ်ညာတဲ့သူတွေက ရွှေဆိုင်းသလို လိမ်ညာ မှုကြောင့် ဒေါ်လာ ၁၄ သန်းလောက်ရသွားပြီလို့ ခန့်မှန်းမှုတွေရှိနေပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon