သမီးဖြစ်သူရဲ့ မွေးရာပါရောဂါနဲ့တူအောင် ဆေးမှင်ကြောင် အတူတူထိုးတဲ့ ဇနီးမောင်နှံ


တန်ရာနဲ့ အဒမ်တို့ ဇနီးမောင်နှံနှစ်ဦးဟာ သမီးလေးဖိလစ်ကို လျောလျောလျူလျူ မွေးဖွားနိုင်ခဲ့ပေမယ့် ဖိလစ်ရဲ့ ခြေထောက်မှာ မွေးရာပါအဖြစ် အနီကွက်တွေ ပါလာခဲ့ပါတယ်။ သမီးလေးဖီးလစ် အရွယ်ရောက် လာတဲ့အခါ အိမ်နီးချင်းတွေက သူ့ရဲ့ခြေထောက်က အနီကွက်တွေကြောင့် ရှောင်ကျဉ်လာကြတဲ့ အခါမှာ မိဘနှစ်ပါးဖြစ်တဲ့ တန်ရာနဲ့ အဒမ်တို့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရပါတော့တယ်။

အဲဒါကတော့ သမီးလေးဖိလစ်လို့ဖြစ်အောင် သူတို့နှစ်ယောက်ရဲ့ ခြေထောက်မှာ အနီရောင် ဆေးမှင်ကြောင်ကွက်တွေ လိုက်ထိုးလိုက်တာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ဖီးလစ်အနေနဲ့ သူမကိုယ်သူမ သာမန်လူတွေနဲ့ ကွဲပြားခြားနားနေတယ်လို့ မခံစားရအောင်ဒီလို ဆေးမှင်ကြောင် ထိုးလိုက်တာဖြစ်ပါတယ်။ သူမရဲ့ မိဘနှစ်ပါးမှာလဲ သူမခြေထောက်ကလိုပဲ အနီကွက်တွေ ရှိနေပါလားဆိုတာကို တစ်နှစ်ခွဲအရွယ် ဖီးလစ်က သတိထားမိအောင် ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။

အမေဖြစ်သူ မစ္စတန်ရာက daily mirror သတင်းစာကို အခုလိုပြောပြပါတယ်။ ‘‘ အဒမ်နဲ့ ကျွန်မ သမီးလေး ဖီးလစ်နဲ့အတူတူ စိတ်ချင်းထပ်ပြီး ခံစားပေးနိုင်ဖို့ လုပ်ကြမယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဓိကအချက် ကတော့ သူမမှာ ဒါတွေရှိနေတာ စိတ်အနှောက်အယှက်မဖြစ်ပဲ နေနိုင်အောင်လို့ပါ’’ လို့ တန်ရာက သတင်းထောက်ကို ပြောပြပါတယ်။

ဆေးပညာသဘောတရားအရ ပုံမှန်မဟုတ်တဲ့ သွေးတွေဟာ အရေပြားအောက်မှာ စုဝေးဖြစ်ပေါ်နေပြီး ကြီးမားတဲ့ အကွက်တွေ ဖြစ်ပေါ်လာတက်တဲ့ပုံစံမျိုးကို ကလေးငယ်ဖီးလစ် ခံစားနေရတာဖြစ်ပါတယ်။

Planet
Previous
Next Post »
Powered by Blogger.