အလွန်ခေတ်မီသော ထောက်လှမ်းရေး လေယာဉ်များကိုဖိလစ်ပိုင်မှနေ၍ အမေရိကန်က လွှတ်တင်လျက်ရှိ


ခေတ်အမီဆုံး ထောက်လှမ်း လေယာဉ်များကို ဖိလစ်ပိုင်နိုင်ငံမှ စတင် လွှတ်တင်လျက်ရှိကြောင်း၊ P-8A ပိုဆီဒန်အမျိုးအစား လေယာဉ် များအား တောင်တရုတ်ပင်လယ်၌ ထောက်လှမ်းရန် လွှတ်တင်လျက်ရှိ ကြောင်း အမေရိကန်ရေတပ်က ပြော ကြားလိုက်သည်။ ဤလွှတ်တင်သော ထောက်လှမ်းရေး လေယာဉ်များမှာ ပထမဆုံးဖြစ်ကြောင်း ရိုက်တာသ တင်းက ဆိုသည်။

အမေရိကန်ရေတပ်၏ ထုတ် ပြန်ကြေညာချက်တွင် P-8A လေ ယာဉ်မှာ ပင်လယ် ကမ်းနီးနှင့် ပင် လယ်ပြင်ဒေသများကို ထောက်လှမ်း နိုင်ကြောင်း၊ ဤလေယာဉ်က ဖိလစ် ပိုင်စစ်တပ်အတွက် ထောက်လှမ်း ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြ ထားသည်။

အမေရိကန်က တရုတ်နှင့် အ ခြားနိုင်ငံများ တောင်တရုတ်ပင် လယ် အငြင်းပွားမှုတွင် မပါဝင် ကြောင်း၊ နိုင်ငံတကာဥပဒေ ၉ဝ၉ အရ လုပ်ဆောင်ကြရန်ဖြစ်ကြောင်း ပြောခဲ့သည်။ အမေရိကန်ရေကြောင်း သွားလာမှု လွယ်ကူစေရန်သာဖြစ် သည်ဟုဆိုသော်လည်း တရုတ်က တောင်တရုတ်ပင်လယ်အရေး၌ အ မေရိကန်ဝင်ရောက်စွက်ဖက်သည် ဟု စွပ်စွဲခဲ့သည်။

P-8A လေယာဉ်မှာ ဖိလစ်ပိုင် တွင် သုံးပတ်ကြာ ဖေဖော်ဝါရီလ ၂၁ ရက်အထိ စခန်းချခဲ့ပြီး နာရီ ၁၈ဝ ကြာ တောင်တရုတ်ပင်လယ် ပြင်၌ ကင်းထောက်ခဲ့သည်။

Reuters
Previous
Next Post »
Powered by Blogger.