ရေပြင် စတုရန်းမိုင် ၁၆၀၀ ရှိ ဟာမော့ရေကန် ၏ ယနေ့မြင်ကွင်း |
အီရန်နိုင်ငံ တစ်ဝန်းရှိ ရေလှောင်ကန် များ၏ ၄ဝ ရာခိုင်နှုန်းသာ ရေများ ရှိနေသည်။ အီရန်နိုင်ငံ တီဟီရန် မြို့တော် အပါအဝင် မြို့ကြီး ကိုးမြို့တို့တွင် သောက်သုံးရေ ပြဿနာ နှင့် ရင်ဆိုင် နေရသည်။
ဆောင်းဥတု ဖြစ်သော်လည်း ခြောက်သွေ့ နေခြင်းက ကြောက်မက်ဖွယ် ခြိမ်းခြောက်မှုကြီး ဖြစ် လာနေ သည်။ ဆစ်စတန်၊ ဘလူးချီစတန် ဒေသသည် အီရန်နိုင်ငံတွင် အန္တရာယ်နှင့် ရင်ဆိုင် နေရသော ပြည်နယ် များ ဖြစ်လာ နေသည်။
ထို့ပြင် လွန်ခဲ့သော ၁၅ နှစ်ခန့်က ဟာမော့ ရေကန်သည် ကမ္ဘာပေါ်ရှိ အကြီးဆုံး ရေပြင်ကျယ်ကြီး များတွင် ခုနစ်ကန်မြောက် ရေကန် အဖြစ် ထင်ရှား ခဲ့သည်။ စတုရန်းမိုင် ၁၆ဝဝ ရှိပြီး အီရန်နှင့် အာဖဂန်နစ္စတန် နှစ်နိုင်ငံကြား တည်ရှိသည်။ ၄င်း ရေကန်ကြီး အတွင်း ရေများ သွင်းပေးနေသော ဟယ်လ်မန်ဒ်မြစ် တွင် လည်း အာဖဂန် တို့က ဆည်ကြီးများ တည်ဆောက် ပြီးသည့်နောက် ဟာမော့ရေကန် တွင် ရေဝင်နည်းပါး လာခဲ့ရာ ရေကန်ကြီး ပတ်ဝန်းကျင် တွင် နေထိုင်သူများ စီးပွားရေး ကျဆင်းသွား ခဲ့သည်။
World Resources Institute ၏ ၂ဝ၁၃ ခုနှစ် စစ်တမ်းအရ အီရန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ၂၄ နိုင် ငံမြောက် ရေသုံး အကြမ်းဆုံး နိုင်ငံအဖြစ် တွေ့ရှိ လာခဲ့သည်။
စိုက်ပျိုးရေး အတွက် ရေအသုံးပြုမှု များတွင် စပါးနှင့် ပြောင်းကဲ့သို့ ရေအလွန် သုံးရသော သီးနှံများကို အီရန် လူမျိုး ၉ဝ ရာခိုင်နှုန်းက နှစ်နှစ် ခြိုက်ခြိုက် စားသုံး နေကြသည်။
သို့ဖြစ်ရာ အီရန် ဒုတိယ သမ္မတက ''ကျွန်မတို့ရဲ့ ရေပြဿနာကို ဒေသခံတွေနဲ့ အိမ်နီးချင်း နိုင်ငံတွေ ကရော နိုင်ငံတကာ ကပါ ဝိုင်းဝန်း ပူးပေါင်း လုပ်ကိုင်ပေးဖို့ လိုအပ်နေပါပြီ'' ဟု ရှင်းလင်း ပြောဆို သွားသည်။
PyiChitThar
Sign up here with your email
ConversionConversion EmoticonEmoticon