ဓာတ်ပုံ - MFF |
တရုတ်(တိုင်ပေ)တွင် ယနေ့ နေ့လယ်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ၄င်းပွဲ၏ ပွဲချိန် ၃၂ မိနစ်တွင် ဟောင်ကောင်အသင်းက ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး ပွဲချိန် ၃၄ မိနစ်တွင် မြန်မာအသင်းမှ ကွင်းလယ် ကစားသမား လှိုင်းဘိုဘိုမှာ အနီကတ်ဖြင့် အထုတ်ခံခဲ့ရသည်။ မြန်မာ ယူ-၂၃ အသင်းသည် လက် ကျန် ပွဲချိန် ၅၅ မိနစ်ကျော်တွင် ကစားသမားတစ်ဦးလျော့ဖြင့် ယှဉ်ပြိုင်ခဲ့ရသော်လည်း ပွဲချိန် ၅၂ မိနစ်နှင့် ၆၂ မိနစ် တို့တွင် ကွင်းလယ်ကစားသမား ဇွန်မိုးအောင်က ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူကာ အာရှယူ-၂၃ ခြေစစ် ပွဲ နှစ်ပွဲဆက်အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာ ယူ-၂၃ အသင်းသည် မတ်လ ၂၇ ရက်က ယှဉ်ပြိုင်ခဲ့သည့် ခြေစစ်ပွဲအုပ်စုအဖွင့်ပွဲစဉ်တွင် အိမ်ရှင် တရုတ် (တိုင်ပေ)အသင်းအား ၃ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။ မြန်မာ ယူ-၂၃ အသင်းသည် အုပ်စု(စ) နောက်ဆုံးပွဲစဉ်အဖြစ် မတ်လ ၃၁ ရက်တွင် သြစတြေးလျအသင်း နှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
7Day
Sign up here with your email
ConversionConversion EmoticonEmoticon