ကာလီဖိုးနီးယား ပြည်နယ်တွင် ဝက်သက်ရောဂါ ကူးစက်မှု ၁၁၉ ဦးထိရှိလာ


အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်တွင် ဝက်သက်ရောဂါ ကူးစက်မှု ခြောက်မှု ထပ်မံဖြစ် ပွား ခဲ့ပြီး ယခု အခါတွင် အဆိုပါ ရောဂါပိုး ကူးစက်ခံရသူ ၁၁၉ ဦး ရှိသွားပြီ ဖြစ်ကြောင်း၊ အဆိုပါ ရောဂါပိုး ကူးစက်မှုသည် ဖိလစ်ပိုင် နိုင်ငံတွင် ဖြစ်ပွားလျက် ရှိသော ဝက်သက်ရောဂါ နှင့် ဆက်စပ်လျက် ရှိကြောင်း ပြည်သူ့ ကျန်းမာရေး ဌာနမှ တာဝန်ရှိသူ များက ဖေဖော်ဝါရီ ၁၈ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စု တစ်ဝန်းတွင် လူဦးရေ ၁၅ဝ ကျော်သည် အဆိုပါ ရောဂါပိုး ကူးစက်ခံ နေရသည် ကို တွေ့ရှိခဲ့ပြီး ၄င်းတို့အနက် အများစုမှာ လေထဲမှ တစ်ဆင့် ကူးစက်ခံရခြင်း ဖြစ်ကြောင်း၊ ၄င်း ရောဂါပိုး သည် ဖိလစ်ပိုင်တွင် ဖြစ်ပွားသည့် ရောဂါပိုး အမျိုးအစားနှင့် ဆင်တူကြောင်း ပြည်သူ့ ကျန်းမာရေး ဌာနမှ သုတေသန ပညာရှင် များက ပြောကြား ခဲ့သည်။

အဆိုပါ ရောဂါပိုးသည် နိုင်ငံပြင်ပမှ ကူးစက်ခံ ရခြင်းဖြစ်ပြီး ၄င်းရောဂါပိုး ကူးစက် ခံရသူသည် ကာလီဖိုးနီး ယား ပြည်နယ် တောင်ပိုင်း အန်နာဟိမ်း ဒေသရှိ ဒစ္စနေးလန်း အပန်းဖြေ ဥယျာဉ်သို့ ဒီဇင်ဘာလ နှောင်းပိုင်းက အလည်အပတ် သွားရောက် စဉ် ရောဂါပိုး ကူးစက် ပျံ့နှံ့မှု စတင်ဖြစ်ပွား ခဲ့သည်ဟု ယူဆ ရကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

ထို့ကြောင့် အမေရိကန် ပြည်ထောင်စုတွင် ဝက်သက်ရောဂါ ကာကွယ်ဆေး ထိုးနှံမှုနှုန်းကို ပိုမို လုပ်ဆောင် သွားရန် လိုအပ်ကြောင်း၊ ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဌာနက ၄င်း၏ ဝက်ဘ်ဆိုက်ပေါ်တွင် ရေး သား ဖော်ပြထားကြောင်း သိရသည်။

PyiChitThar

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.