ဒုတိယမြောက်ရင်သွေးလေးမွေးဖွားတဲ့ ရှာကီရာ


ကိုလံဘီယာပေါ့ပ် စတားရှာကီရာက စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၎င်း၏ဒုတိယမြောက်ရင်သွေးလေး မွေး ဖွားခဲ့သည်ဟု ဇန်နဝါရီ ၃၀ရက်တွင် ပြောသည်။

‘‘ရှာကီရာမီဘာရက်နဲ့ ဂါးရက်ပီကေးတို့ရဲ့သားဆာရှာပီ ကေးမီဘာရက်ကို ဇန်နဝါရီ ၂၉ ရက် ည ၉ နာရီ ၅၄ မိနစ်မှာ ဘာစီလိုနာမြို့မှာမွေးဖွားကြောင်း ပျော်ရွှင်စွာကြေညာလိုက်ပါတယ်။ ဆာရှာဆိုတဲ့နာမည်က ဂရိနဲ့ရုရှားကနေ ဆင်းသက်လာတာပါ။ လူသားတွေကိုအကာ အကွယ်ပေးသူ၊ စစ်သည်တော်လို့ အဓိပ္ပာယ် ရပါတယ်’’ဟု ရှာကီရာက ၎င်း၏လူမှုမီဒီယာဝက်ဘ်ဆိုက်၌ ပြောကြား သည်။ မိခင်နှင့်ကလေးမှာ ကျန်း မာရေးအထူးကောင်းမွန်သည်ဟု သားဖွားဆေးရုံကအတည်ပြုပေး ထားကြောင်း ယင်းဝက်ဘ်ဆိုက်တွင်
ဖော်ပြသည်။

ဆာရှာ၏ အဘိုးဖြစ်သူ အာမာဒါနာဘီကလည်း မြေးငယ်လေးနှင့် ပတ်သက်သော အသေးစိတ်အကြောင်း အရာများကို ဇန်နဝါရီ ၃၀ ရက်တွင် သတင်းထောက်များ အားပြောကြားသည်။

‘‘အခုကလေးက ဂါးရက်နဲ့တူ တယ်လို့ပြောတယ်။ သူတို့သားကြီးမီလန်ကိုမွေးတုန်းက အမေဖြစ်တဲ့ ရှာကီ ရာနဲ့တူတယ်။ ဆာရှာလေးက သူ့အဖေနဲ့ပိုတူတယ်’’ ဟု ပီကေး၏ဖခင်ကပြောကြားခဲ့သည်။

အသက် (၃၇)နှစ်အရွယ် အဆိုတော်ရှာကီရာနှင့် အသက် (၂၇)နှစ်အရွယ်စပိန်ဘောလုံးကစားသမားဂါး ရက်ပီကေးတို့သည် ၂၀၁၁ က စတင်ချစ်ကြိုက်ခဲ့ကြပြီး လက်ရှိတွင် ၎င်းတို့၏ သားနှစ်ဦးနှင့်အတူ စပိန်နိုင်ငံ ၌ နေထိုင်လျက်ရှိသည်။

7day


Previous
Next Post »
Powered by Blogger.