Yoogane ရဲ့နာမည်ကျော် ကြက်သားဂါဘီဟင်းလျာ မျက်မြင်ချက်ပြုတ်ပေးတယ်


ကမာရွတ်ပရိသတ်အတွက် မြောက်ကိုရီးယားစားသောက်ဆိုင်ကို မိတ်ဆက်ပေးဖူးတာမို့ ဒီတစ်ခေါက်တော့ တောင်ကိုရီးယားက နာမည်ကျော်Yoogane စားသောက်ဆိုင်ကို မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၁က တည်းက ဆိုင်ခွဲပေါင်း ၂ဝဝကျော် ဖွင့်လှစ်ထားနိုင်ပြီး မြန်မာပြည်မှာ ပထမဆုံးဆိုင်ခွဲကို ၂ဝ၁၄ အောက်တို ဘာမှာ ဖွင့်ခဲ့ပြီမို့ ဘယ်လိုအစားအသောက်တွေရလဲ စိတ်ဝင်စားကြမှာပါ။

စားသုံးသူတွေရှေ့မှောက် ကိုယ်တိုင်ချက်ပြုတ် ပြင်ဆင်ရောင်းချပေးတဲ့Yoogane ဆိုင်မှာတော့ လတ်ဆတ် သန့်ရှင်းမှု၊ ပူပူနွေးနွေး သုံးဆောင်နိုင်မှုတွေနဲ့ စားသုံးသူတွေကို ဆွဲဆောင်နေတာပါ။ ယူမျိုးနွယ်ရဲ့ နာမည်
ကျော် Sauce ကိုသုံးပြီး ကြက်သားကိုအဓိကထား ရောင်းချတဲ့ ဒီစားသောက်ဆိုင်မှာ လူကြိုက်များတဲ့ အစားအစာကတော့ Marinated Chicken Galbi လို့ခေါ်တဲ့ Yoogane ကြက်သားဂါဘီဖြစ်ပါတယ်။

ပုလဲကွန်ဒိုနဲ့ Junction Mawtin မှာ ဆိုင်ခွဲ ၂ခုဖွင့်ထားတဲ့ Yoogane ဆိုင်ရဲ့ နာမည်ကျော် ကြက်သားဂါ ဘီအကြောင်း ရှင်းပြမယ့်သူက Chansu Park ပါ။ ဈေးလည်းမကြီး၊ အရသာလည်းရှိပြီး ကြက်သားနဲ့ အ သီးအရွက်တွေကို အခြေခံထားလို့ ကျော်ကြားတာဖြစ်တာမို့ ဝန်ဆောင်မှုအပြည့်ပေးသလို အထူးအခွင့်အ
ရေးတွေလည်း ပါတယ်လို့ သူက ဆိုပါတယ်။

မြန်မာတွေအတွက် အရသာရှိပြီး ကောင်းမွန်တဲ့ဟင်းလျာတွေ သုံးဆောင်နိုင်ဖို့ ဆိုင်ခွဲဖွင့်လိုက်တာဖြစ်ပြီး ကြက်သားဂါဘီကိုတော့ ထမင်းကြော်နဲ့လည်း တွဲစားနိုင်သလို Cheese နဲ့ကြော်တဲ့ ထမင်းကြော်လည်း ရနိုင်တယ်လို့ ပြောပါတယ်။

Yoogane's Marinated Chicken Galbi ဟင်းလျာမှာတော့ ငရုတ် Sauceနဲ့နယ်ထားတဲ့ ကြက်သား၊ ဂေါ်ဖီ၊ ကြက်သွန်မြိတ်၊ အာလူးတော်ပုကီတို့ပါဝင်ပြီး စားသုံးသူအရေအတွက်ပေါ်မူတည်ပြီး စားသုံးသူတွေရှေ့ ကိုယ်တိုင်ချက်ပြုတ်ပေးတာမို့ စောင့်ဆိုင်းရတာ ၁၅မိနစ်လောက်ပဲ ကြာမြင့်ပါတယ်။ ကိုရီးယားစတိုင်လ် ကြက်သားနဲ့အသီးအရွက်ကို အရင်စားပြီး ကျန်တဲ့ကြက်သားနဲ့ အရန်ဟင်းလျာတစ်ခု ဥပမာ ထမင်းကြော်နဲ့ တွဲဖက်နိုင်ပါသေးတယ်။

စားသုံးသူတွေရဲ့ကိုယ်တွေ့မျက်မြင်ရှေ့ ချက်ပြုတ်ပေးတာမို့ သန့်ရှင်းမှုနဲ့ စိတ်ကျေနပ်မှုရှိမှာ သံသယဝင်စ ရာမလိုဘဲ စိတ်တိုင်းကျဖြစ်စေမှာပါလို့ မအိအိက ဆိုပါတယ်။




kamayutmedia

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.