Viber ကို ဘင်္ဂလားဒေ့ရှ်တွင် ပိတ်ပင်တားမြစ်


ဗိုင်ဘာကိုအသုံးပြု၍ စမတ်ဖုန်း ဖြင့်မက်ဆေ့ခ်ျပို့ခြင်းများကို ဘင်္ဂလား ဒေ့ရှ်တယ်လီကွန်းအာဏာပိုင်များ က ပိတ်လိုက်ကြောင်း၊ ဗိုင်ဘာဖြင့် သတင်းပို့ခြင်းမှာ အစိုးရဆန့်ကျင် ရေးသမားများအတွက် အလွန်အသုံး တည့်နေကြောင်း သတင်းက ဖော် ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ် တယ်လီဖုန်းဆက် သွယ်ရေးနှင့် ထိန်းသိမ်းရေးကော်မ ရှင်က အပလီကေးရှင်းများကို အချိန် ပိုင်းပိတ်ထားခဲ့ကြောင်း၊ ရဲနှင့် လုံခြုံ ရေးအဖွဲ့များ၏ အမိန့်ကြောင့်ဖြစ် ကြောင်း ကော်မရှင်ပြောရေးဆိုခွင့် ရသူက AFP ကို ပြောခဲ့သည်။

ဤသို့ ဆုံးဖြတ်ရခြင်း၏ အကြောင်းရင်းကို မူ ၄င်းကပြောမသွားခဲ့ဟု ဆိုသည်။

သို့ရာတွင် ဒေသရုပ်သံ ချန်နယ် ၂၄ ကပြောကြားရာတွင် Viber ကိုပိတ် ရခြင်းမှာ တစ်နိုင်ငံလုံးရှိ ဆန္ဒပြသ မားများအချင်းချင်း သတင်းဖလှယ် မှု မပြုလုပ်နိုင်ရန်ဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။

အတိုက်အခံဆန္ဒပြသမားများ အကြား၌ ဗိုင်ဘာမှာအလွန်ပေါ်ပြူ လာဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အမျိုး သား
ရေးပါတီ အပါအဝင် အစ္စလာမ္မစ် မဟာမိတ်များ ပါဝင်သည့် ၄င်းတို့က သယ်ယူပို့ဆောင်ရေး လမ်းကြောင်း များကိုပိတ်ကာ အစိုးရပြုတ်ကျရန် ကြိုးစားလျက်ရှိကြသည်။

ဆန္ဒပြမှုမှာ ယခုအခါ တတိယ အပတ်ထဲသို့ ရောက်လာခဲ့ပြီးဖြစ် သည်။ ယခုအခါ အကြမ်းဖက်မှုသို့ ပြောင်း လဲလာခဲ့သည်။ လုံခြုံရေးတပ် များက ကျည်အစစ်များ၊ မျက်ရည် ယိုဗုံးများဖြင့် ပစ်ခတ်သဖြင့် ဆန္ဒပြ သမား များကလည်း မီးလောင်ဗုံးများ ဖြင့် ဘတ်စ်ကားများ၊ ထရပ်ကားများ ကို ပစ်ခတ်ခဲ့ကြသည်။

အကြမ်းဖက်မှုကြောင့် လူ ၂၅ ဦးသေဆုံးခဲ့ရာ ဆန္ဒပြသမားတို့၏ မီးလောင်ဗုံးဖြင့် ဘတ်စ်ကားကို ပစ်သဖြင့် မီးလောင်သေဆုံးရသူ များလည်း ပါဝင်ကြကြောင်း သိရ သည်။

‪‎Democracytoday‬

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.