Holocaust သို့ အောက်မေ့ဖွယ်ဂီတပွဲ မြန်မာပြည် ပထမဆုံး ကျင်းပမယ်


ကမ္ဘာတဝှမ်း ရှိနေသေးတဲ့ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ရည်ရွယ်ချက်နဲ့ ဒုတိယကမ္ဘာစစ်အတွင်း နာဇီ အကျဉ်းထောင်တွေမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဂျူးလူမျိုး ၆သန်းကို သတိရအောက်မေ့တဲ့ Holocaust သို့
အောက်မေ့ဖွယ် ဂီတပွဲတော်ကို ဇန်နဝါရီ ၂၅ကျရင် Strand Hotel မှာ ကျင်းပပါတော့မယ်။

လူ့ယဉ်ကျေးမှုသမိုင်းမှာ အရုပ်ဆိုးအကျည်းတန်မှု အဆိုးဆုံးဖြစ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဟာ ဂျူးလူမျိုးဖြစ် လို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ သတ်ဖြတ်ခဲ့တာဖြစ်လို့ လူမျိုးနဲ့ဘာသာ မတူသူတွေကို မုန်းတီး
နေကြသူတွေကို ဆန့်ကျင်ဖို့အတွက် အခုလို အောက်မေ့ဖွယ်ဂီတပွဲတော်ကို ကျင်းပတာပါလို့ Gothe Institute က ပြောပါတယ်။

၁၉၄၅ခုနှစ်မှာ ဆိုဗီယက်တပ်မတော်က ပိုလန်နိုင်ငံမှာရှိတဲ့ အောက်ရှဗစ်အကျဉ်းထောင်ကို သိမ်းပိုက်လိုက် ပြီး ဂျူးလူမျိုးတွေကို ကယ်တင်နိုင်ခဲ့တဲ့ ဇန်နဝါရီ ၂၇ရက်နေ့ရောက်တိုင်း ဒုတိယကမ္ဘာစစ်အတွင်း သတ်ဖြတ် ခံခဲ့ရတဲ့ ဂျူးလူမျိုးနဲ့အတူ ဂျစ်ပစီတွေ၊ လိင်တူဆက်ဆံသူတွေ၊ စိတ်ကျန်းမာရေးမကောင်းသူတွေကို
အောက်မေ့ သတိရတဲ့ အခမ်းအနားတွေကို ကမ္ဘာအနှံ့မှာ ကျင်းပကြပေမယ့် မြန်မာနိုင်ငံမှာတော့ ပထမ ဆုံးအကြိမ် အစ္စရေး၊ ပိုလန်နဲ့ ဂျာမဏီသံရုံးတို့ ပူးပေါင်းစီစဉ်တာဖြစ်ပါတယ်။

ဇန်နဝါရီ ၂၅ရက်နေ့ ကျင်းပမယ့် Holocaust သို့ အောက်မေ့ဖွယ် ဂီတပွဲတော်ကို လူတိုင်း အခမဲ့ဝင်ကြည့်
နိုင်ပြီး အစ္စရေး၊ ပိုလန်နဲ့ ဂျာမဏီက ဂီတပညာရှင် ၃ဦးပါဝင်တဲ့ ဂီတအဖွဲ့နဲ့ ပြည်တွင်းက AOC Orchestra၊ ဂီတမိတ်တို့ကလည်း ဂန္ထဝင် ဂီတတွေနဲ့ ဖျော်ဖြေမှာဖြစ်တယ်လို့ ဆိုပါတယ်။

အတိတ်ဖြစ်ရပ်ဆိုးတွေနဲ့ပတ်သက်လို့ ဝမ်းနည်းကြေကွဲမှုကို ဖော်ပြရာမှာ ဂီတဟာ နည်းလမ်းကောင်း တစ်ခုဖြစ်ပြီး လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုတွေဟာ ကြေကွဲစရာဖြစ်ရပ်တွေကို ဦးတည်စေတယ်ဆိုတာ ဇန်နဝါရီ ၂၇က အမြဲလိုလို သတိပေးနေပါတယ်လို့ ဆိုပါတယ်။



kamayutmedia


ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.