လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပစဉ် ပြည်လမ်းနှင့်လမ်းသွယ်ရှစ်ခုကို ယာယီပိတ်ထားမည်

(၆၇)နှစ်မြောက် လွတ် လပ်ရေးနေ့အခမ်းအနားကျင်းပ ချိန်တွင် ရန်ကုန်မြို့ရှိ ပြည်လမ်းမနှင့် လမ်းသွယ်ရှစ် ခုကို ပိတ်ထားမည်ဖြစ်ပြီး ယာဉ်ထိန်းရဲ ၄၀ကျော်အသုံးပြုကာ မော်တော်ယာဉ်များလမ်းလွှဲ မောင်းနှင်နိုင်ရန် စီစဉ်ထားကြောင်းသတင်းရရှိသည်။

အခမ်းအနားကို ပြည်သူ့ ရင်ပြင်တွင် ကျင်းပမည်ဖြစ်၍ ပြည်လမ်းမကို ပိတ်ထားပြီး ဗားကရာလမ်း၊ မြေနီ ကုန်း၊ ဗဟိုရှင်စောပုလမ်း၊ ပြည် ရှင်စောပုလမ်း၊ ဗဟိုအလုံလမ်း၊ ဗဟိုပြည်လမ်း၊ ဗဟိုမြို့မကျောင်းလမ်းနှင့်
ပြည်ထောင်စုလမ်းစသည့် လမ်းငယ်များကိုပါ ပိတ်ဆို့ထားမည်ဖြစ်သည်။ အောက်ကြည့်မြင်တိုင်လမ်း၊ အလုံ လမ်းနှင့် ဗဟိုလမ်းတို့မှ လမ်းလွှဲမောင်းနှင်နိုင်ရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြော သည်။

နံနက် ၃ နာရီခန့်မှစ၍ လမ်း အားလုံး ပိတ်ထားမည်ဖြစ်ပြီး အခမ်းအနားပြီးမှသာ ပြန်လည် မောင်းနှင်နိုင် မည်ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့ဦးစီးမှူး ရဲမှူးလှဖုန်းကျော်ကပြောသည်။

‘‘မနက်ပိုင်းတစ်ချိန်လေးပါ ပဲ။ အလံတင်အခမ်းအနားတို့၊ ဘာတို့ပြီးသွားလို့ အခမ်း အနားကိုလာတဲ့ကား
တွေထွက်ပြီးသွားရင်ပြန်ဖွင့်ပေးမှာပါ။ ဘယ်လောက်ကြာမယ်ကတော့ အတိအကျမသိဘူး’’ဟု ၎င်းက ပြော သည်။

ဟိန်းသာ | 7day




Previous
Next Post »
Powered by Blogger.