ထိုင်းလိပ်ကျွန်းပုံရိပ် ဗြိတိန် မီဒီယာကြောင့်ပျက်ဟု ကျွန်းသူကြီးပြော


ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်း (ခိုတောင်) ရဲ့ နာမည်ကောင်းဟာ ဗြိတိန်မီဒီယာရဲ့သတင်းတွေကြောင့်
 ပျက်စီးသွားတယ်လို့ ကျွန်းသူကြီးက ပြောပါတယ်။

မကြာခင်က ဗြိတိန်နိုင်ငံသား အသက် ၂၃ နှစ် ခရစ္စတီးနား အန်နစ္စလေ သေဆုံးမှုကို ကျွန်းပေါ်က မာဖီး ယား အဖွဲ့တွေနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ ဗြိတိန် မီဒီယာတွေရဲ့ ရေးသားချက်တွေကို စိတ်ဆိုးဒေါသထွက် မိတယ်လို့ လိပ်ကျွန်းသူကြီး ချယန်ဆူရာဆတ်ကူက ခေါင်ဆွတ် သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ဒါဟာ လိပ်ကျွန်းကို တခါမှ မရောက်ဘူးတဲ့ နိုင်ငံခြား ခရီးသွားတွေကို ကျွန်းပေါ်မှာ နိုင်ငံခြား သားတွေကို သတ်ဖြတ် ခေါင်းပုံဖြတ်နေတဲ့ မာဖီးယားတွေနဲ့ ပြည့်နေတယ်လို့ မှတ်ထင် စေကြောင်း သူက ပြောပါတယ်။

လူမှုရေးကွန်ရက်တွေအပေါ်မှာ ဒီလို ပြောနေတာတွေကို တွေ့ခဲ့ရတယ်လို့ ချယန်က ပြောပါတယ်။

အရင် သီတင်းပတ်က လိပ်ကျွန်း In Touch ရီဆော့မှာ တည်းခိုနေတဲ့ ခရစ္စတီးနား သေဆုံးသွား ခဲ့ပြီး တဲ့နောက် အလောင်းကို စစ်ဆေးရာမှာ မုဒိမ်းကျင့်ခံထားရတဲ့ လက္ခဏာမတွေ့ရဘူးလို့ ရဲတပ်ဖွဲ့က ပြောပါ တယ်။

ဒီကျွန်းဟာ နိုင်ငံခြားသားတွေ ထူးထူး ဆန်းဆန်းသေဆုံးသလို ခရီးသွားတွေ အတွက် လျော့ရဲတဲ့ လုံခြုံရေး
ကြောင့် ကျွန်းပုံရိပ်က ဆိုးဝါးလာနေပါတယ်။

၂၀၁၅ ခုနှစ် ဇန်န၀ါရီလထဲမှာ ဒီကျွန်းပေါ်မှာ ခရစ္စတီးနား အန်နစ္စလေ၊ လက်မှာကြိုးချည်ပြီး ဆွဲကြိုးချသေ ဆုံးတဲ့ ပြင်သစ်နိုင်ငံသား ဒီမစ်ထရီ ပေါ့စ်တို့ သေဆုံးခဲ့ပါတယ်။

၂၀၁၄ခုနှစ်ထဲမှာတော့ ကျောင်ဆောင်ပေါ်ကကျပြီး သေဆုံးတယ်ဆိုတဲ့ ဗြိတိန်က နစ်ပီယာဆင်၊ မတော် တဆမှုနဲ့ ဆီလစ်ရေဖောက်စ်ကယ်ရု မက်သီဆန်၊ အသတ်ခံရတဲ့ ဟန်နာ ၀ှစ်သာရစ်ခ်ျနဲ့ ဒေးဗစ်မေလာ၊ မတော်တဆမှုနဲ့ ဆွစ်နိုင်ငံသား ဟန်ပီတာ ဆုတာ၊ ဘယ်လ်ဂျီယံနိုင်ငံသား စုစုပေါင်း ၆ ဦး သေဆုံးခဲ့ ပါတယ်။

ကို​ထွေး | DVB

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.