ရွှေကျင်က သံဃာအပါး ၁ဝဝဝ ကို ဘီပိုးကာကွယ်ဆေး ဘာ့ကြောင့်လှူတာလဲ


ဘီပိုးလို့ခေါ်တဲ့ အသည်းရောင်အသားဝါရောဂါပိုးရှိသူ မြန်မာပြည်မှာ ၁ဝ ရာခိုင်နှုန်းလောက် ရှိနေတာ
ကြောင့် လူတိုင်း ဘီပိုးကာကွယ်ဆေး ထိုးသင့်ပေမယ့် ရွှေကျင်မြို့က သံဃာတော် အပါး ၁ဝဝဝ ကို ဘီပိုး ကာကွယ်ဆေးတွေ လှူဒါန်းနေပါတယ်လို့ ဒေါက်တာခင်မောင်ဝင်းက ဇန်နဝါရီ ၂ဝရက်မှာ ပြောလိုက်ပါ တယ်။ ဘီပိုးဟာ ဘယ်လိုအန္တရာယ် ဖြစ်စေသလဲ။

အသည်းခြောက်၊ အသည်းကင်ဆာဖြစ်နိုင်တဲ့ အသည်းရောင်အသားဝါ ဘီပိုး ဖြစ်ပွားသူ ၆သန်းလောက် ရှိနေတာကြောင့် ရောဂါကာကွယ်ဆေးဟာ လွန်ခဲ့တဲ့ ၂၅နှစ်ကတည်းက ရှိနေပြီး ကာကွယ်နိုင်တဲ့ နည်းတွေ အများကြီး ရှိပါရဲ့ အခုလို မြန်မာပြည်မှာ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာ ဝမ်းနည်းစရာကောင်းတယ်လို့ ရွှေ ကျင်မြို့ရွှေကျင်ကျောင်းတိုက်က သံဃာတော်တွေကို ဘီပိုးကာကွယ်ဆေး လှူဒါန်းရတာဖြစ်တယ်လို့ ဒေါက် တာခင်မောင်ဝင်းက ပြောပါတယ်။

ရွှေကျင်မြို့မှာ ဘီပိုးရောဂါအကြောင်း ဟောပြောခဲ့ရာက ရွှေကျင်ကျောင်းတိုက်ဆရာတော်ကြီးရဲ့ လျှောက် ထားတောင်းဆိုမှုကြောင့် အခုလိုလှူဒါန်းဖို့ဖြစ်လာတာဖြစ်တဲ့အကြောင်း၊ ကျောင်းတိုက်အတွင်း သံဃာ အပါးတစ်ရာမှာ ၁၄ပါးဆီမှာ ရောဂါပိုးတွေ့ရကြောင်း၊ ဒါ့ကြောင့် ရွှေကျင်မြို့ပေါ်က သံဃာအပါး ၁ဝဝဝ ကို ကာကွယ်ဆေးလှူဒါန်းတာဖြစ်ပြီး နောက်ပိုင်း မစိုးရိမ်ကျောင်းတိုက်အပါအဝင် အခြားနယ်တွေက သံဃာ
တော်တွေကို ဆေးထိုးပေးသွားမယ်လို့ ဆိုပါတယ်။

ရွှေကျင်မြို့ မဟာပညာ့ဗိမ္မာန်ကျောင်းတိုက်ဝင်းထဲမှာ သံဃာအပါး ၁ဝဝဝကို ဆရာဝန်ကြီး ဒေါက်တာခင်
မောင်ဝင်းဦးဆောင်တဲ့ ကျန်းမာရေးအဖွဲ့က ဘီပိုးကာကွယ်ဆေး အခမဲ့ထိုးပေးခဲ့ပြီး ညဖက်မှာတော့ ဒေ သခံပြည်သူတွေကို မယ်လိုဒီဝေါလ်က အဆိုရှင်တွေက သီချင်းနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

သံဃာတော်တွေအပေါ် အခုလို ဇီဝိတဒါနလုပ်တဲ့အပေါ် ဝမ်းသာဂုဏ်မိပြီး တောမှာနေရတဲ့ သံဃာတွေ
ရောဂါဖြစ်ပြီဆိုရင် ဘာမှမသိနိုင်သလို မြို့ကြီးပြကြီးဆီသွားရောက်ကုသဖို့လည်း မတတ်နိုင်တာကြောင့် အခုလို ကာကွယ်ဆေးထိုးခွင့်ရတဲ့အတွက် ကျေးဇူးတင်တယ်လို့ ဆရာတော် ဦးစန္ဒာသီရိက မိန့်ပါတယ်။

အသည်းရောင်အသားဝါ ဘီပိုးဟာ အရင်က မပျောက်နိုင်ဘူးလို့ ဆေးလောကက ထင်မှတ်ထားခဲ့ပေမယ့် အခုတော့ ကုသပျောက်ကင်းနိုင်တဲ့ ကာကွယ်ဆေးတွေရှိပြီဆိုတာ အားလုံးသိစေချင်တယ်လို့ ဆရာဝန်ကြီး
ဒေါက်တာခင်မောင်ဝင်းက ပြောပါတယ်။



kamayutmedia


ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.